Zawgyi ျဖင့္ဖတ္ရန္

 

လက္တေလာမွာ ‘John Wick’ ႐ုပ္ရွင္ဇာတ္ကားတြဲေတြနဲ႔ နာမည္တစ္ဖန္ျပန္ရလာတဲ့ မင္းသာႀကီး ‘ကီႏူးရိဗ္’ က ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း သူ႔ရဲ႕ပထမဦးဆုံး ခ်စ္သူအသစ္ဆက္ဆက္ေလးကို ပြဲထုတ္လာပါတယ္။ လူပ်ိဳဘဝကို အၾကာႀကီးထိန္းထားႏိုင္ခဲ့တဲ့ ‘ကီႏူးရိဗ္’ ဒီတစ္ခါ စြံေတာ့မလားလို႔ ပရိသတ္ေတြက စိတ္ဝင္စားေနၾကပါၿပီ။

Gucci က ျပဳလုပ္တဲ့ LACMA Art + Film Gala ပြဲရဲ႕ ေကာေဇာ္နီေပၚမွာ ‘ကီႏူးရိဗ္’က သူ႔ရဲ႕ခ်စ္သူအသစ္နဲ႔ စုံတြဲခုတ္ေလွ်ာက္လွမ္းလာစဥ္ အားလုံး အံ့အားသင့္သြားခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ‘ကီႏူးရိဗ္း’ ဟာ သူ႔ရဲ႕ ႐ုပ္ရွင္သ႐ုပ္ေဆာင္ သက္တမ္း ၃၅ ႏွစ္လုံးလုံး ဘယ္အမ်ိဳးသမီးနဲ႔မွ ေကာ္ေဇာ္နီေပၚမွာ အခုလိုစုံတြဲေလွ်ာက္လွမ္းလာတာ တစ္ႀကိမ္မွ် မရွိခဲ့ဖူးလို႔ပါ။

သူ႔ရဲ႕ခ်စ္သူ Alexandra Grant အသက္ ၄၆ ႏွစ္ဟာ သူနဲ႔စီးပြားဖက္ျဖစ္ၿပီး လူသိမ်ားတဲ့ စာေပအႏုပညာရွင္တစ္ဦးလည္း ျဖစ္တယ္လို႔ အင္တာဗ်ဴးေတြအရ သိရပါတယ္။သူတို႔ႏွစ္ဦးဟာ တစ္ေယာက္ကိုတစ္ေယာက္ နီးနီးကပ္ကပ္ရွိေနၾကၿပီး တြဲထားတဲ့ လက္ေတြကို လုံးဝမလႊတ္တမ္း ေကာေဇာနီေပၚမွာ ေလွ်ာက္လွမ္းခဲ့ၾကပါတယ္။

 

Ode To Happiness နဲ႔ Shadows စာအုပ္ထုတ္ေဝးေရး လုပ္ငန္းမွာ သူတို႔ႏွစ္ဦး စတင္ဆုံဆည္းခဲ့ၾကဟန္တူပါတယ္။ လက္ရွိမွာ X Artists’ Books ဆိုတဲ့ စာအုပ္ထုတ္ေဝေရးလုပ္ငန္းကို အတူတူလုပ္ကိုင္ေနၾကပါတယ္။

‘ကီႏူးရိဗ္’ ဟာ ၁၉၉၀ ျပည့္ႏွစ္မ်ားဆီက ႐ုပ္ရွင္မင္းသမီး Jennifer Syme နဲ႔ ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္တုန္းက သူတို႔ႏွစ္ေယာက္ ကိုယ္ဝန္ရခဲ့ၿပီး ၁၉၉၉ ခုႏွစ္မွာ ေမြးလာတဲ့ မိန္းကေလးက အေသေလးျဖစ္ေနပါတယ္။ အဲဒီထက္ပိုၿပီး ေၾကကြဲစရာေကာင္းတာက ၂၀၀၁ ခုႏွစ္မွာ Jennifer Syme ယာဥ္မေတာ္တဆမႈနဲ႔ ေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ပါတယ္၊ အဲဒီအခ်ိန္က သူမဟာ အသက္ ၂၈ ႏွစ္သာ ရွိပါေသးတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ ‘ကီႏူးရိဗ္’ ဟာ နာက်င္ခံစားရမႈေတြကို ေထြးေပြ႕ရင္း ႏွစ္ေပါင္း ၂၀ ေက်ာ္ တစ္ကိုယ္တည္းေနထိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ သိပၸံဇာတ္ကားတြဲျဖစ္တဲ့ ‘The Metrix’ ဇာတ္ကားေတြနဲ႔ တဟုန္ထိုး နာမည္ႀကီးေက်ာ္ၾကားခဲ့သလို ‘Speed’ ‘The Little Buddha’ ဇာတ္ကားေတြဟာ ပရိသတ္ေမ့မရတဲ့ ဇာတ္ကားေကာင္းေတြျဖစ္ပါတယ္။ လက္တေလာမွာေတာ့ ‘John Wick’ ဇာတ္ကားတြဲေတြနဲ႔ တစ္ဖန္ျပန္လည္ နာမည္ရလာတဲ့ မင္းသားႀကီးျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

နှစ်ပေါင်း ၂၀ ကျော် နာကျင်ခံစားခဲ့ရတဲ့ မင်းသားကြီး “ကီးနူးရိဗ်” ချစ်သူရသွားပြီ

လက်တလောမှာ ‘John Wick’ ရုပ်ရှင်ဇာတ်ကားတွဲတွေနဲ့ နာမည်တစ်ဖန်ပြန်ရလာတဲ့ မင်းသာကြီး ‘ကီနူးရိဗ်’ က နှစ်ပေါင်း ၂၀ ကျော်အတွင်း သူ့ရဲ့ပထမဦးဆုံး ချစ်သူအသစ်ဆက်ဆက်လေးကို ပွဲထုတ်လာပါတယ်။ လူပျိုဘဝကို အကြာကြီးထိန်းထားနိုင်ခဲ့တဲ့ ‘ကီနူးရိဗ်’ ဒီတစ်ခါ စွံတော့မလားလို့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါပြီ။

Gucci က ပြုလုပ်တဲ့ LACMA Art + Film Gala ပွဲရဲ့ ကောဇော်နီပေါ်မှာ ‘ကီနူးရိဗ်’က သူ့ရဲ့ချစ်သူအသစ်နဲ့ စုံတွဲခုတ်လျှောက်လှမ်းလာစဉ် အားလုံး အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ‘ကီနူးရိဗ်း’ ဟာ သူ့ရဲ့ ရုပ်ရှင်သရုပ်ဆောင် သက်တမ်း ၃၅ နှစ်လုံးလုံး ဘယ်အမျိုးသမီးနဲ့မှ ကော်ဇော်နီပေါ်မှာ အခုလိုစုံတွဲလျှောက်လှမ်းလာတာ တစ်ကြိမ်မျှ မရှိခဲ့ဖူးလို့ပါ။

သူ့ရဲ့ချစ်သူ Alexandra Grant အသက် ၄၆ နှစ်ဟာ သူနဲ့စီးပွားဖက်ဖြစ်ပြီး လူသိများတဲ့ စာပေအနုပညာရှင်တစ်ဦးလည်း ဖြစ်တယ်လို့ အင်တာဗျူးတွေအရ သိရပါတယ်။သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် နီးနီးကပ်ကပ်ရှိနေကြပြီး တွဲထားတဲ့ လက်တွေကို လုံးဝမလွှတ်တမ်း ကောဇောနီပေါ်မှာ လျှောက်လှမ်းခဲ့ကြပါတယ်။

Ode To Happiness နဲ့ Shadows စာအုပ်ထုတ်ဝေးရေး လုပ်ငန်းမှာ သူတို့နှစ်ဦး စတင်ဆုံဆည်းခဲ့ကြဟန်တူပါတယ်။ လက်ရှိမှာ X Artists’ Books ဆိုတဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို အတူတူလုပ်ကိုင်နေကြပါတယ်။

‘ကီနူးရိဗ်’ ဟာ ၁၉၉၀ ပြည့်နှစ်များဆီက ရုပ်ရှင်မင်းသမီး Jennifer Syme နဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက် ကိုယ်ဝန်ရခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ မွေးလာတဲ့ မိန်းကလေးက အသေလေးဖြစ်နေပါတယ်။ အဲဒီထက်ပိုပြီး ကြေကွဲစရာကောင်းတာက ၂၀၀၁ ခုနှစ်မှာ Jennifer Syme ယာဉ်မတော်တဆမှုနဲ့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်၊ အဲဒီအချိန်က သူမဟာ အသက် ၂၈ နှစ်သာ ရှိပါသေးတယ်။

အဲဒီနောက်ပိုင်းမှာတော့ ‘ကီနူးရိဗ်’ ဟာ နာကျင်ခံစားရမှုတွေကို ထွေးပွေ့ရင်း နှစ်ပေါင်း ၂၀ ကျော် တစ်ကိုယ်တည်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ သိပ္ပံဇာတ်ကားတွဲဖြစ်တဲ့ ‘The Metrix’ ဇာတ်ကားတွေနဲ့ တဟုန်ထိုး နာမည်ကြီးကျော်ကြားခဲ့သလို ‘Speed’ ‘The Little Buddha’ ဇာတ်ကားတွေဟာ ပရိသတ်မေ့မရတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ လက်တလောမှာတော့ ‘John Wick’ ဇာတ်ကားတွဲတွေနဲ့ တစ်ဖန်ပြန်လည် နာမည်ရလာတဲ့ မင်းသားကြီးဖြစ်ပါတယ်။

Credit : popolay

LEAVE A REPLY