Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

ချစ်စရာ ကောင်းလွန်းတဲ့ ငယ်ဘဝ က ပုံလေးတွေကို တင်လိုက်တဲ့ သရုပ်ဆောင်ဖွေးဖွေး

အကယ်ဒမီ သုံးဆုရ မင်းသမီးချောလေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူကြိုက်များလှတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိမှာလည်း အနုပညအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ ယခုနိုဝင်ဘာလထဲမှာပဲ မင်းသမီးချော မိုးဟေကိုနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ပပဝတီစီရင်ခန်းဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်

ဖွေးဖွေးဟာ အသက် ၃၁ နှစ်အရွယ်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် ငယ်ရွယ်နုပျိုလှပနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိနေဆဲပါ ဒီရက်ပိုင်းမှာတော့ ဖွေးဖွေးဟာ သူမရဲ့ ငယ်ဘဝပုံရိပ်လေးတွေ ပရိသတ်ကြီး အတွက်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်

သူမရဲ့ ငယ်ဘဝပုံရိပ်တွေမှာတော့ ချစ်စရာပါးဖောင်းဖောင်းလေးနဲ့ သူမရဲ့ဟန်ပန်ဟာ ပျောက်ပျက်သွားခြင်းမရှိတာမို့ ငယ်ရုပ်မပျောက်ဘူးလို့ ဝိုင်းဝန်း ချီးကျူးနေကြတာကိုလည်းတွေ့ရပါတယ်နော် ဖွေးဖွေးရဲ့ ငယ်ဘဝပုံရိပ်တွေကို မမြင်ဖူးတဲ့
ပရိသတ်တွေအတွက် Shwe Yaung Lan Media ကနေတင်ဆက်ပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Lan)

LEAVE A REPLY