Zawgyi ဖြင့်ဖတ်ရန်

 




 


 

https://web.facebook.com/TheKingofCatwalk/videos/548293909332650/

 



Unicode ဖြင့်ဖတ်ရန်

တစ်ရက် အတွင်း ကြည့်ရှုသူ တစ်သန်းကျော်သွားတဲ့ ဖြူဖြူထွေးနဲ့ Sinon loresca တို့ရဲ့ ဗီဒီယိုဖိုင်လေး

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ဟာသ သရုပ်ဆောင်လို့ ပြောရလောက်ပေမယ့်လည်း ချစ်စဖွယ် အမှုအရာလေးနဲ့ ပရိတ်သတ်ကြီးရင်ထဲကို ရောက်နေတဲ့ သူတစ်ယောက်ရှိပါတယ်။ သူကတော့ ပရိတ်သတ်ကြီး ချစ်တဲ့ ရိုးသားပွင့်လင်းတဲ့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ သူမဟာ စင်ပေါ်မှာ ဟာသတွေကို လုပ်ရင်းနဲ့ နာမည်ရလာသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလောကထဲမှာ ကြော်ငြာတွေရိုက်ရင်း နယ်ရှိုးတွေမှာပါ ဖျော်ဖြေနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်လာပါပြီ။ သူမဟာဆိုရင်ရိုးသားမှုဟာ သူမရဲ့ဂုဏ်ပုဒ်ဖြစ်တဲ့ ဆိုတဲ့အ တိုင်းလေးပဲ ရိုးသားလွန်းတာကြောင့် ပရိသတ်က ချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုဆိုရင် သူမကို အားပေးတဲ့ ပရိတ်သတ်ကြီးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။

အခုဆိုရင် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ..Sinon loresca ဟာ ဖြူဖြူထွေးနဲ့ အတူ လမ်းလျောက်ဖို့ ဖိတ်ကြားခြင်း ခံရပါတယ်။ Sinon loresca ဆိုတာကလည်း မြန်မာနိုင်ငံဟာ သူ့ရဲ ဒုတိယ အိမ်လို့ ပြောထားတဲ့ ဖီလစ်ပိုင် နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်တိုင်း အလှူအတန်းတွေလုပ်ပြီး၊ မြန်မာပြည်သူတွေကို ချစ်မြတ်နိုးတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ပျူငှာတဲ့ စိတ်ထားတွေနဲ့ နွေးထွေးမှုလေးမှာ သာယာနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Sinon loresca နဲ့ ဖြူဖြူထွေးတို့ အတူ လမ်းလျောက်တဲ့ ဗီဒီယိုဖိုင်လေးကို ဖြူဖြူထွေးက ယခုလို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ ဒီဗီဒီယိုဖိုင်လေးကို လည်း ကြည့်ရှုသူ တစ်သန်းကျော် ရှိခဲ့ပါတယ်။

ဒီလို အတူလမ်းလျောက်တဲ့ ဗီဒီယိုလေးမှာ ဝေဖန်ခဲ့သူ တချို့ရှိခဲ့ပါတယ်။ ဒါကိုလည်း ဖြူဖြူထွေးက ယခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။ ((((တစ်ချို့က သမီးဒို့ကို ပြောတယ် ပေါတယ် ရူးတယ် စိတ်မနံ့ ဘူးလို့ပြောကြတယ် ဒါလဲ သမီးလုံးဝ စိတ်မဆိုးဘူး ဘာလို့လဲဆိုတော့ အတွင်းစိတ်ရော အပြင်မှာရော လူတိုင်းအပေါ် အပြုံးတွေ , ဒါန , ကုသိုလ် တွေ ပေးနိုင်တယ် စိတ်ချမ်းသာတယ် sinon သည် သမီးကို ချိန်းတယ် သူ သမီး နဲ့ အတူ အလျူ တွေလုပ်ချင်းလို့ တဲ့ အဲ့ချိန်မှာ ပီတိဖြစ်မိတယ် ဘာသာ မတူတဲ့နေရာတစ်ခု ကနေ လာပြီး အခုလိုပြောတော့ အံ့ဩမိတယ် သမီးနဲ့တူတယ်တဲ့ ဟိုအရင်းက ဆင်းရဲဖူးတော့ လူတိုင်းအပေါ် ကြင်နာတက်တယ်တဲ့ 😔🌷🌷🌷 နွေးထွေးမှုဆိုတာ))))ယခုလို သူတို့ ၂ ဦးပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်ကာလလေး တစ်ခုကို ဗီဒီယိုလေးနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဒီမှတ်တမ်းလေးကိုလည်း ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်…….။

Writer – ME( Shwe Yaung Lan )

LEAVE A REPLY