Zawgyi ျဖင့္ဖတ္ရန္
Myanmar Idol season 4 ရဲ႕ Top Finalists ဝင္သြားတဲ့ ၿပိဳင္ပြဲဝင္ (၁၁) ဦးရဲ႕ lvie ေဖ်ာ္ေျဖတင္ဆက္မႈပြဲႀကီးကို ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။ Top Finalists စာရင္းဝင္သြားတဲ့ ၿပိဳင္ပြဲဝင္ (၁၁) ေယာက္တို႔ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈကို ပရိတ္သတ္ႀကီး နားဆင္ခံစား ၾကည့္ရႈခဲ့ၾကၿပီးၿပီျဖစ္ပါတယ္။
Top Finalists ရဲ႕ ပထမဆုံး live ေဖ်ာ္ေျဖတင္ဆက္မႈ ပြဲႀကီးမွာ ဒိုင္လူႀကီးေတြ ၿပိဳင္ပြဲဝင္ေတြအေပၚ ေပးတဲ့ မွတ္ခ်က္ေတြဟာ တင္းၾကပ္မႈ နည္းပါးတာေၾကာင့္ ပရိတ္သတ္တစ္ဦးက ဒိုင္တစ္ဦးျဖစ္တဲ့ ျဖဴျဖဴေက်ာ္သိန္းရဲ႕ ပို႔စ္ေအာက္မွာ ေအာက္ပါအတိုင္း အႀကံေပးတဲ့ ေကာ္မန႔္တစ္ေၾကာင္း ဝင္ေရးလာပါတယ္။
အဆိုပါ ေကာ္မန႔္ကို ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ ျဖဴျဖဴေက်ာ္သိန္းက “1st live show မို႔ သူတို႔ေလးေတြကို အားေပးခ်ီးျမႇင့္တဲ့ cmt ေတြ အဓိကေျပာေပးၾကတာ ျပင္ေစခ်င္တာ အႀကံေပးခ်င္တာေတြကို indirectly ေျပာသြားမွန္း ေသခ်ာနားေထာင္ၾကည့္ရင္ ၾကားမိမွာပါ sis, အႀကံေပးတာ ေက်းဇူးတင္ပါတယ္” ဆိုၿပီး ေသေသခ်ာခ်ာေလး ရွင္းျပသြားခဲ့ပါတယ္။
Myanmar Idol Season 4 ရဲ႕ ဒိုင္လူႀကီးေတြဟာ ၿပိဳင္ပြဲဝင္ေတြရဲ႕ အားနည္းခ်က္၊ ျပစ္ခ်က္ေတြကို တိုက္႐ိုက္တည့္တိုး မေျပာဘဲ ညင္သာတဲ့ စကားလုံးေတြကိုသာ ေ႐ြးခ်ယ္ၿပီးေျပာျပခဲ့တာေၾကာင့္ ပရိတ္သတ္ေတြ အေနနဲ႔ သတိမထားမိႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ေနာက္ထပ္ ေနာက္ထပ္ အပိုင္းေတြမွာလည္း ဒိုင္လူႀကီးမင္းေတြအေနနဲ႔ ဘယ္လို စကားလုံးမ်ိဳးေတြ ေ႐ြးခ်ယ္ေျပာၾကမလဲဆိုတာ စိတ္ဝင္စားဖို႔ အင္မတန္မွ ေကာင္းသလို ဘယ္ၿပိဳင္ပြဲဝင္ေတြက ဘယ္လိုစတိုင္ ဘယ္လို သီခ်င္းမ်ိဳးေတြနဲ႔ ယွဥ္ၿပိဳင္သီဆိုသြားဦးမယ္ဆိုတာကလည္း စိတ္ဝင္စားဖြယ္အတိ ျဖစ္ေနမွာ အမွန္ပါပဲ။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
ပြိုင်ပွဲဝင်တွေအပေါ် ဒီထက်ပို တင်းကြပ်ပေးဖို့တောင်းဆိုလာတဲ့ ပရိတ်သတ်ကို ပရိုဆန်ဆန် တုံ့ပြန်လိုက်တဲ့ ဖြူဖြူကျော်သိန်း
Myanmar Idol season 4 ရဲ့ Top Finalists ဝင်သွားတဲ့ ပြိုင်ပွဲဝင် (၁၁) ဦးရဲ့ lvie ဖျော်ဖြေတင်ဆက်မှုပွဲကြီးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ Top Finalists စာရင်းဝင်သွားတဲ့ ပြိုင်ပွဲဝင် (၁၁) ယောက်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖျော်ဖြေတင်ဆက်မှုကို ပရိတ်သတ်ကြီး နားဆင်ခံစား ကြည့်ရှုခဲ့ကြပြီးပြီဖြစ်ပါတယ်။
Top Finalists ရဲ့ ပထမဆုံး live ဖျော်ဖြေတင်ဆက်မှု ပွဲကြီးမှာ ဒိုင်လူကြီးတွေ ပြိုင်ပွဲဝင်တွေအပေါ် ပေးတဲ့ မှတ်ချက်တွေဟာ တင်းကြပ်မှု နည်းပါးတာကြောင့် ပရိတ်သတ်တစ်ဦးက ဒိုင်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့ ပို့စ်အောက်မှာ အောက်ပါအတိုင်း အကြံပေးတဲ့ ကော်မန့်တစ်ကြောင်း ဝင်ရေးလာပါတယ်။
အဆိုပါ ကော်မန့်ကို ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက “1st live show မို့ သူတို့လေးတွေကို အားပေးချီးမြှင့်တဲ့ cmt တွေ အဓိကပြောပေးကြတာ ပြင်စေချင်တာ အကြံပေးချင်တာတွေကို indirectly ပြောသွားမှန်း သေချာနားထောင်ကြည့်ရင် ကြားမိမှာပါ sis, အကြံပေးတာ ကျေးဇူးတင်ပါတယ်” ဆိုပြီး သေသေချာချာလေး ရှင်းပြသွားခဲ့ပါတယ်။
Myanmar Idol Season 4 ရဲ့ ဒိုင်လူကြီးတွေဟာ ပြိုင်ပွဲဝင်တွေရဲ့ အားနည်းချက်၊ ပြစ်ချက်တွေကို တိုက်ရိုက်တည့်တိုး မပြောဘဲ ညင်သာတဲ့ စကားလုံးတွေကိုသာ ရွေးချယ်ပြီးပြောပြခဲ့တာကြောင့် ပရိတ်သတ်တွေ အနေနဲ့ သတိမထားမိနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ် နောက်ထပ် အပိုင်းတွေမှာလည်း ဒိုင်လူကြီးမင်းတွေအနေနဲ့ ဘယ်လို စကားလုံးမျိုးတွေ ရွေးချယ်ပြောကြမလဲဆိုတာ စိတ်ဝင်စားဖို့ အင်မတန်မှ ကောင်းသလို ဘယ်ပြိုင်ပွဲဝင်တွေက ဘယ်လိုစတိုင် ဘယ်လို သီချင်းမျိုးတွေနဲ့ ယှဉ်ပြိုင်သီဆိုသွားဦးမယ်ဆိုတာကလည်း စိတ်ဝင်စားဖွယ်အတိ ဖြစ်နေမှာ အမှန်ပါပဲ။
Credit : popolay