Zawgyi ျဖင့္ဖတ္ရန္

 

(1)နည္းနည္းေျပာ၊မ်ားမ်ားနားေထာင္

ဒီအခ်က္ဟာ သင္တစ္ေယာက္ေယာက္နဲ႔စကားစျမည္ေျပာေနတဲ့အခ်ိန္မဟုတ္ေတာင္မွ အေရးႀကီးပါတယ္ … ။ စီးပြားေရးေလာကမွာလဲ လူေတြရဲ႕လိုအပ္ခ်က္နဲ႔အႀကိဳက္ေတြကို နားေထာင္ဖို႔လိုတယ္ေနာ္

“ဉာဏ္ေကာင္းတဲ့လူတစ္ေယာက္ကို ငွားၿပီး ဘာလုပ္ပါလို႔ ခိုင္းတာဟာ သဘာဝမက်ဘူး … ။ ငါတို႔ကို ဘာလုပ္ပါလို အႀကံေပးဖို႔ ငွားတာပဲ ျဖစ္တယ္”လို႔ Steve Jobs ကဆိုဖူးပါတယ္။လူေတြနဲ႔ ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးရဖို႔ အေရးႀကီးပါတယ္ … ။အဲ့အတြက္ သူတိုေျပာတာေတြကို ေလးစားစြာ နားေထာင္ဖို႔လိုပါတယ္ … ။

(2)သင့္႐ုံးခန္းျပင္ပကိုေလ့လာပါ

သင့္႐ုံးခန္းထဲကေန ထြက္ၿပီး ျပင္ပေလာကကိုေလ့လာဖို႔ ျဖစ္ပါတယ္ … ။ စားသုံးသူမ်ားနဲ႔စကားေျပာျခင္း၊ေဖာက္သည္မ်ားနဲ႔ေတြ႕ဆုံျခင္း၊ ပညာရွင္မ်ားနဲ႔ ေဆြးေႏြးျခင္းတို႔ ျပဳလုပ္သင့္ပါတယ္ …. ။ ေသခ်ာတာကေတာ့ အလုပ္စားပြဲမွာ ထိူင္ေန႐ုံနဲ႔ ေအာင္ျမင္မႈက သင့္ဆီလာမွာ မဟုတ္ပါဘူး …. ။

(3)မိတ္ေဆြေ႐ြးခ်ယ္ရာမွာ ပါးနပ္ပါ

-ေအာင္ျမင္လိုသူတစ္ေယာက္အတြက္ အေပါင္းအသင္းေတြကို ျပန္လည္စီစစ္ဖို႔ လိုပါတယ္ … ။ ကြၽႏု္ပ္တို႔ဟာ အၿမဲအနီးကပ္ရွိေနသူေတြဆီက ေန အက်င့္နဲ႔အႀကံေတြကူးစက္တတ္ၾကပါတယ္ … ။ ဒါေၾကာင့္မို႔ သင့္ကို အေတြးေခၚမွားေတြ အႀကံဆိုးေတြေပးမယ့္ အေပါင္းအသင္းေတြနဲ႔ ေဝးေဝးေနသင့္ပါတယ္ … ။

(4)ရပ္တန႔္ရမယ့္အခ်ိန္ကိုသိပါ

လစ္မစ္မ်ားကို ထားရွိသင့္ပါတယ္ … ။ ညနက္ခ်ိန္ထိအလုပ္လုပ္ျခင္း၊အလုပ္မ်ားကို အိမ္သယ္လာျခင္းဆိုတာ သန္းႂကြယ္သူေဌးေတြ လုပ္ေလ့ရွိတာေတြ မဟုတ္ပါဘူး … ။ အလုပ္နဲ႔ကိုယ္ေရးကိုယ္တာကို ေကာင္းစြာခြဲျခားဖို႔ လိုအပ္ပါတယ္ … ။ အလုပ္ေကာအိမ္မွာပါ စိတ္ဖိစီး ႏြမ္းလ်ေနတာမ်ိဳး မျဖစ္ဖို႔အတြက္ အလုပ္ကို အလုပ္မွာထားခဲ့ပါ … ။

(5)သင္ယူျခင္းကို မရပ္တန႔္ပါနဲ႔

ကမာၻႀကီးဟာ ေန႔တိုင္းေျပာင္းလဲေနပါတယ္။နည္းပညာအသစ္ေတြ စက္ကိရိယာအသစ္ေတြေန႔စဥ္ ေပၚထြက္ေနပါတယ္။ဒါေၾကာင့္ သင္ဟာ ထိပ္တန္းေရာက္လိုသူျဖစ္ပါက ေန႔စဥ္ ပုံမွန္ေလ့လာသင္ယူေနရမယ္ေနာ္ … ။ စာဖတ္ျခင္း၊ဗီဒီယိုၾကည့္ျခင္းတို႔နဲ႔ update လုပ္ေပးပါ … ။

(6)ဒုတိယဝင္ေငြလမ္းေၾကာက္းထားပါ

သူေဌးတိုင္းဟာ ကြၽန္ေတာ္တိုထင္ေနသလို ေဈးႀကီးတဲ့ ဘရမ္းဒတ္ေတြဝယ္ၿပီး ရွိသမွ်ေငြေတြ ျဖဳန္းေနတာမဟုတ္ၾကပါဘူး … ။ သူတို႔မွာ ပင္မအလုပ္အျပင္ အျခားေသာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားနဲ႔ အျခားဝင္ေငြလမ္းေၾကာင္းေတြ ထားရွိၾကပါေသးတယ္ …. ။

(7)အခ်ိန္ကို တန္ဖိုးထားပါ

ေန႔စဥ္ facebook နဲ႔ social media ေတြေပၚမွာ ဘယ္ေလာက္ အခ်ိန္ျဖဳန္းမိေနၾကၿပီလဲ စမ္းစစ္သင့္ပါတယ္ … ။ တေနကုန္ ဖုန္းသုံးေနတာကိုရပ္ၿပီး တစ္ေန႔ကို အက်ိဳးရွိတာေလ့လာဖို႔ ႀကိဴးပမ္းသင့္ပါတယ္ … ။

(8)ေန႔စဥ္စာဖတ္ပါ

Tom Corley ရဲ႕ ေလ့လာခ်က္အရ ၈၈ရာႏႈန္းေသာ သူေဌးေတြဟာ တစ္ေန႔ကို ၃၀မိနစ္ စာဖတ္တယ္လို႔ ဆိုပါတယ္။ တက္ၾကမ္းကေန ယေန႔ေခတ္သတင္းမ်ားအထိ ဘယ္လိုစာမ်ိဳးမဆို ေလ့လာပါ။ဒါမွသာ အျမင္က်ယ္ၿပီး ေန႔စဥ္အလုပ္မွာျပန္လည္အသုံးခ်ႏိုင္ပါတယ္ …. ။

(9)ကိုယ့္ကိုယ္ကို ဦးစားေပးပါ

အေရးႀကီးတဲ့အခ်က္ပါပဲ … ။ သင့္စိတ္သာမက ကိုယ္ခႏၵာကိူပာ ေန႔စဥ္ႀကံ့ခိုင္ေအာင္ထားသင့္ပါတယ္ … ။ တင္းနစ္ကစားျခင္း၊ဝိတ္မျခင္းအျပင္ ေကာ္ဖီဆိုင္ထိုင္ျခင္း၊ တရားထိုင္ျခင္းစေသာ ႏွစ္သက္ရာနည္းျဖင့္ အပန္းေျဖသင့္ပါတယ္။က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ စားေသာက္ေနထိုင္မႈကိုလဲ ေမြးျမဴ သင့္ပါတယ္ … ။

(10)အစီအစဥ္ခ်မွတ္ပါ

စာအုပ္ေပၚမွာ ျဖစ္ေစ၊ ဖုန္းထဲ မွာျဖစ္ေစ တေန႔တာလုပ္ငန္းစဥ္၊တပတ္တာလူပ္ငန္းစဥ္စသည္ျဖင့္ ေရတို ေရရွည္ ျပဳလုပ္ရန္အခ်က္မ်ားကို စနစ္တက်ခ်ေရးထားသင့္ပါတယ္ … ။ တစ္ေန႔တာ သင့္အေတြးမ်ား၊ နဲ႔ ေပ်ာ္ျခင္း ဝမ္းနည္းျခင္းတို႔ကိုလဲ ေရးခ်ထားႏိုငိပါတယ္။ဒါမွာသာ စိတ္ထဲမွာ ေပါ့ပါးၿပီး တက္ႂကြငါ အလုပ္ပိုမိုလုပ္ႏိုင္မွာ ျဖစ္လိူ႔ပါပဲ … ။

Writer – Dr Jue ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

သူဌေးဖြစ်ချင်တဲ့သူတွေ မဖြစ်မနေ လိုက်နာမယ့်အချက် ( ၁၀ ) ချက်

(1)နည်းနည်းပြော၊များများနားထောင်

ဒီအချက်ဟာ သင်တစ်ယောက်ယောက်နဲ့စကားစမြည်ပြောနေတဲ့အချိန်မဟုတ်တောင်မှ အရေးကြီးပါတယ် … ။ စီးပွားရေးလောကမှာလဲ လူတွေရဲ့လိုအပ်ချက်နဲ့အကြိုက်တွေကို နားထောင်ဖို့လိုတယ်နော်

“ဉာဏ်ကောင်းတဲ့လူတစ်ယောက်ကို ငှားပြီး ဘာလုပ်ပါလို့ ခိုင်းတာဟာ သဘာဝမကျဘူး … ။ ငါတို့ကို ဘာလုပ်ပါလို အကြံပေးဖို့ ငှားတာပဲ ဖြစ်တယ်”လို့ Steve Jobs ကဆိုဖူးပါတယ်။လူတွေနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရဖို့ အရေးကြီးပါတယ် … ။အဲ့အတွက် သူတိုပြောတာတွေကို လေးစားစွာ နားထောင်ဖို့လိုပါတယ် … ။

(2)သင့်ရုံးခန်းပြင်ပကိုလေ့လာပါ

သင့်ရုံးခန်းထဲကနေ ထွက်ပြီး ပြင်ပလောကကိုလေ့လာဖို့ ဖြစ်ပါတယ် … ။ စားသုံးသူများနဲ့စကားပြောခြင်း၊ဖောက်သည်များနဲ့တွေ့ဆုံခြင်း၊ ပညာရှင်များနဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပါတယ် …. ။ သေချာတာကတော့ အလုပ်စားပွဲမှာ ထိူင်နေရုံနဲ့ အောင်မြင်မှုက သင့်ဆီလာမှာ မဟုတ်ပါဘူး …. ။

(3)မိတ်ဆွေရွေးချယ်ရာမှာ ပါးနပ်ပါ

-အောင်မြင်လိုသူတစ်ယောက်အတွက် အပေါင်းအသင်းတွေကို ပြန်လည်စီစစ်ဖို့ လိုပါတယ် … ။ ကျွနု်ပ်တို့ဟာ အမြဲအနီးကပ်ရှိနေသူတွေဆီက နေ အကျင့်နဲ့အကြံတွေကူးစက်တတ်ကြပါတယ် … ။ ဒါကြောင့်မို့ သင့်ကို အတွေးခေါ်မှားတွေ အကြံဆိုးတွေပေးမယ့် အပေါင်းအသင်းတွေနဲ့ ဝေးဝေးနေသင့်ပါတယ် … ။

(4)ရပ်တန့်ရမယ့်အချိန်ကိုသိပါ

လစ်မစ်များကို ထားရှိသင့်ပါတယ် … ။ ညနက်ချိန်ထိအလုပ်လုပ်ခြင်း၊အလုပ်များကို အိမ်သယ်လာခြင်းဆိုတာ သန်းကြွယ်သူဌေးတွေ လုပ်လေ့ရှိတာတွေ မဟုတ်ပါဘူး … ။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ကောင်းစွာခွဲခြားဖို့ လိုအပ်ပါတယ် … ။ အလုပ်ကောအိမ်မှာပါ စိတ်ဖိစီး နွမ်းလျနေတာမျိုး မဖြစ်ဖို့အတွက် အလုပ်ကို အလုပ်မှာထားခဲ့ပါ … ။

(5)သင်ယူခြင်းကို မရပ်တန့်ပါနဲ့

ကမ္ဘာကြီးဟာ နေ့တိုင်းပြောင်းလဲနေပါတယ်။နည်းပညာအသစ်တွေ စက်ကိရိယာအသစ်တွေနေ့စဉ် ပေါ်ထွက်နေပါတယ်။ဒါကြောင့် သင်ဟာ ထိပ်တန်းရောက်လိုသူဖြစ်ပါက နေ့စဉ် ပုံမှန်လေ့လာသင်ယူနေရမယ်နော် … ။ စာဖတ်ခြင်း၊ဗီဒီယိုကြည့်ခြင်းတို့နဲ့ update လုပ်ပေးပါ … ။

(6)ဒုတိယဝင်ငွေလမ်းကြောက်းထားပါ

သူဌေးတိုင်းဟာ ကျွန်တော်တိုထင်နေသလို ဈေးကြီးတဲ့ ဘရမ်းဒတ်တွေဝယ်ပြီး ရှိသမျှငွေတွေ ဖြုန်းနေတာမဟုတ်ကြပါဘူး … ။ သူတို့မှာ ပင်မအလုပ်အပြင် အခြားသော ရင်းနှီးမြှုပ်နှံမှုများနဲ့ အခြားဝင်ငွေလမ်းကြောင်းတွေ ထားရှိကြပါသေးတယ် …. ။

(7)အချိန်ကို တန်ဖိုးထားပါ

နေ့စဉ် facebook နဲ့ social media တွေပေါ်မှာ ဘယ်လောက် အချိန်ဖြုန်းမိနေကြပြီလဲ စမ်းစစ်သင့်ပါတယ် … ။ တနေကုန် ဖုန်းသုံးနေတာကိုရပ်ပြီး တစ်နေ့ကို အကျိုးရှိတာလေ့လာဖို့ ကြိူးပမ်းသင့်ပါတယ် … ။

(8)နေ့စဉ်စာဖတ်ပါ

Tom Corley ရဲ့ လေ့လာချက်အရ ၈၈ရာနှုန်းသော သူဌေးတွေဟာ တစ်နေ့ကို ၃၀မိနစ် စာဖတ်တယ်လို့ ဆိုပါတယ်။ တက်ကြမ်းကနေ ယနေ့ခေတ်သတင်းများအထိ ဘယ်လိုစာမျိုးမဆို လေ့လာပါ။ဒါမှသာ အမြင်ကျယ်ပြီး နေ့စဉ်အလုပ်မှာပြန်လည်အသုံးချနိုင်ပါတယ် …. ။

(9)ကိုယ့်ကိုယ်ကို ဦးစားပေးပါ

အရေးကြီးတဲ့အချက်ပါပဲ … ။ သင့်စိတ်သာမက ကိုယ်ခန္ဒာကိူပာ နေ့စဉ်ကြံ့ခိုင်အောင်ထားသင့်ပါတယ် … ။ တင်းနစ်ကစားခြင်း၊ဝိတ်မခြင်းအပြင် ကော်ဖီဆိုင်ထိုင်ခြင်း၊ တရားထိုင်ခြင်းစသော နှစ်သက်ရာနည်းဖြင့် အပန်းဖြေသင့်ပါတယ်။ကျန်းမာရေးနဲ့ သင့်တော်တဲ့ စားသောက်နေထိုင်မှုကိုလဲ မွေးမြူ သင့်ပါတယ် … ။

(10)အစီအစဉ်ချမှတ်ပါ

စာအုပ်ပေါ်မှာ ဖြစ်စေ၊ ဖုန်းထဲ မှာဖြစ်စေ တနေ့တာလုပ်ငန်းစဉ်၊တပတ်တာလူပ်ငန်းစဉ်စသည်ဖြင့် ရေတို ရေရှည် ပြုလုပ်ရန်အချက်များကို စနစ်တကျချရေးထားသင့်ပါတယ် … ။ တစ်နေ့တာ သင့်အတွေးများ၊ နဲ့ ပျော်ခြင်း ဝမ်းနည်းခြင်းတို့ကိုလဲ ရေးချထားနိုငိပါတယ်။ဒါမှာသာ စိတ်ထဲမှာ ပေါ့ပါးပြီး တက်ကြွငါ အလုပ်ပိုမိုလုပ်နိုင်မှာ ဖြစ်လိူ့ပါပဲ … ။

Writer – Dr Jue ( XYZ NEWS )

LEAVE A REPLY