Zawgyi ဖြင့်ဖတ်ရန်



 




Unicode ဖြင့်ဖတ်ရန်

အိမ်ထောင်ကျပြီးမှ ပိုပိုပြီး Ro လာတဲ့ ခင်ပွန်းရဲ့အကြောင်းကို ထုတ်ပြောလာတဲ့ ရွှေမှုံရတီ

ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေတစ်နေ့တစ်ခြား ပိုပိုတိုးလာပြီး၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုံလေးက လက်ထပ်ပြီးကာမှ ပိုပိုပြီး ချစ်တတ်လာတဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းကို ကြည်နူးလွန်းစွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ ဇနီးမောင်နှံနှစ်ဦးရဲ့စကားပြောပုံကိုကြည့်ရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ လေးလေးနက်နက်ချစ်နေကြလဲဆိုတာ သိနိုင်ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် Romantic အဆန်ဆုံးသော စုံတွဲလို့တောင် မှတ်တမ်းတင်လို့ရတဲ့ ရွှေနှစ်ရွှေမောင်နှံရဲ့အချစ်ရေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ စကားပြောထားတဲ့ စာလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ စာလေးထဲမှာတော့ ရွှေထူးက မိန်းမနဲ့အတူရှိနေရင်မပြောနဲ့ ဒီလိုလေး Chat နေရရင်တောင် တစ်လောကလုံးကို မေ့တယ်လို့ ရှက်ရှက်နဲ့ ချစ်ဇနီးလေးကို ပြောပြနေတာပါ။ ရွှေထူးရဲ့စကားကြောင့် ရွှေမှုံလေးတစ်ယောက် ရည်းစားဘဝကိုတောင် ပြန်သတိရသွားတယ်လို့လည်း ဆိုထားပါသေးတယ်။

တစ်ဦးနဲ့တစ်ဦး အကောင်းဆုံးဆိုတာတွေချည်းပဲ ဖြည့်ဆည်းပေးနေကြတဲ့ ရွှေနှစ်ရွှေကတော့ မကြာခဏဆိုသလိုလည်း တစ်ယောက်ကိုတစ်ယောက် Surprise လက်ဆောင်လေးတွေ ပေးလေ့ရှိပါတယ်။အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ အချစ်တွေအပြည့်နဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက Romantic ဆန်လွန်းတဲ့ သူတို့ စုံတွဲလေးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ကိုယ်စီလုပ်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို အကောင်းဆုံး ပုံဖော်နေကြတာပါ။

share from : burmese.asia

LEAVE A REPLY