Zawgyi ျဖင့္ဖတ္ရန္

အင္ဒိုနီးရွား အမ်ိဳးသမီးအဆိုေတာ္တဦးဟာ စတိတ္စင္ေပၚ သီဆိုေဖ်ာ္ေျဖခ်ိန္ စင္ေအာက္မွ ပရိသတ္တဦးက ေပါင္ၾကားထဲကို လက္သရမ္းၿပီး ထိကိုင္ခဲ့တဲ့အတြက္ ေျခေထာက္နဲ႔ ေဆာင့္ကန္ခဲ့တဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အင္တာနက္စာမ်က္ႏွာေတြေပၚမွာ နာမည္ႀကီးေနခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဂ်ာဗားျပည္နယ္အလယ္ပိုင္းက ႏိုက္ကလပ္တခုထဲမွာ ေဖ်ာ္ေျဖေနခ်ိန္ ျဖစ္ခဲ့တာလို႔ ေမရာသတင္းတပုဒ္မွာ ဇြန္လ ၁၄ ရက္ေန႔က ေဖာ္ျပပါတယ္။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ အဆိုေတာ္ ဂက္ဘီ ဗက္စ္တာဟာ ေလွ်ာက္လမ္းစင္ျမင့္ေပၚမွာ ရွိေနခဲ့တာျဖစ္ၿပီး ပရိသတ္ေတြအနီး သီခ်င္းသီဆိုရင္း ထိုင္ခ်လိုက္ခ်ိန္မွာ ပရိသတ္ထဲက အမ်ိဳးသားတဦးက ခုလို မဖြယ္မရာလုပ္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီေဂ်အဆိုေတာ္ဟာ ေအာက္ပိုင္းက အတိုအျပတ္ ဝတ္ဆင္ထားခဲ့ၿပီး လယ္သာေဒါက္ျမင့္ဖိနပ္ကို စီးထားခဲ့ကာ ခုလိုႀကဳံခ်ိန္မွာေတာ့ အဲဒီ ပရိတ္သတ္ရဲ႕ ဦးေခါင္းကို ဖိနပ္နဲ႔ ေဆာင့္ကန္ခဲ့တာ ေတြ႕ရပါတယ္။

ဒီေနာက္ အဲဒီအမ်ိဳးသားကို လုံၿခံဳေရးဝန္ထမ္းေတြက အျပင္ကို ဆြဲထုတ္သြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဆိုေတာ္အမ်ိဳးသမီးကေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ျပန္လည္မွ်ေဝခဲ့ၿပီး ဒါဟာ အမ်ိဳးသားေတြအေနနဲ႔ ခုလိုမ်ိဳး အမ်ိဳးသမီးေတြအေပၚ မဖြယ္မရာလုပ္တာမ်ိဳးကို သတိျပဳ ေရွာင္ၾကားၾကေစဖို႔ ရည္႐ြယ္တယ္လို႔ ေျပာပါတယ္။

“က်မ သူ႔မ်က္ႏွာကို ကန္ပစ္လိုက္ရတာ စိတ္ထဲ တကယ္မေကာင္းပါဘူး။ သူလုပ္တာက မသင့္ေတာ္ဘူးေလ။ Sexy က်က် အဝတ္အစားေတြ ဝတ္ဆင္ရတယ္ဆိုတာ က်မတို႔ ေဖ်ာ္ေျဖမႈရဲ႕ တစိတ္တပိုင္းပါပဲ။ ႏိုက္ကလပ္က အခ်ိန္ပိုင္း ေဖ်ာ္ေျဖေပးဖို႔ ငွားရမ္းခဲ့တယ္။ ဒါက ခုလိုလုပ္ခံရဖို႔ မဟုတ္ပါဘူး။”

အဆိုေတာ္က ဒီ႐ုပ္သံဗြီဒီယိုဖိ္ုင္ကို ၾကည့္ၿပီး သင္ခန္းစာယူေစခ်င္တယ္၊ သူ ေဖ်ာ္ေျဖဖူးသမွ် ပြဲေတြတေလွ်ာက္ ဘယ္တုန္းကမွ ခုလိုမႀကံဳခဲ့ရဘူးလို႔လည္း ေျပာပါတယ္။

Credit : DVB

Unicode ဖြင့်ဖတ်ရန်

မတော်တရော် နေရာကို လာကိုင်တဲ့ ပရိသတ်ကို ကန်ချလိုက်တဲ့ အဆိုတော်အမျိုးသမီ (ရုပ်သံ)

အင်ဒိုနီးရှား အမျိုးသမီးအဆိုတော်တဦးဟာ စတိတ်စင်ပေါ် သီဆိုဖျော်ဖြေချိန် စင်အောက်မှ ပရိသတ်တဦးက ပေါင်ကြားထဲကို လက်သရမ်းပြီး ထိကိုင်ခဲ့တဲ့အတွက် ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဂျာဗားပြည်နယ်အလယ်ပိုင်းက နိုက်ကလပ်တခုထဲမှာ ဖျော်ဖြေနေချိန် ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇွန်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုတော် ဂက်ဘီ ဗက်စ်တာဟာ လျှောက်လမ်းစင်မြင့်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တွေအနီး သီချင်းသီဆိုရင်း ထိုင်ချလိုက်ချိန်မှာ ပရိသတ်ထဲက အမျိုးသားတဦးက ခုလို မဖွယ်မရာလုပ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂျေအဆိုတော်ဟာ အောက်ပိုင်းက အတိုအပြတ် ဝတ်ဆင်ထားခဲ့ပြီး လယ်သာဒေါက်မြင့်ဖိနပ်ကို စီးထားခဲ့ကာ ခုလိုကြုံချိန်မှာတော့ အဲဒီ ပရိတ်သတ်ရဲ့ ဦးခေါင်းကို ဖိနပ်နဲ့ ဆောင့်ကန်ခဲ့တာ တွေ့ရပါတယ်။

ဒီနောက် အဲဒီအမျိုးသားကို လုံခြုံရေးဝန်ထမ်းတွေက အပြင်ကို ဆွဲထုတ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုတော်အမျိုးသမီးကတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့ပြီး ဒါဟာ အမျိုးသားတွေအနေနဲ့ ခုလိုမျိုး အမျိုးသမီးတွေအပေါ် မဖွယ်မရာလုပ်တာမျိုးကို သတိပြု ရှောင်ကြားကြစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

“ကျမ သူ့မျက်နှာကို ကန်ပစ်လိုက်ရတာ စိတ်ထဲ တကယ်မကောင်းပါဘူး။ သူလုပ်တာက မသင့်တော်ဘူးလေ။ Sexy ကျကျ အဝတ်အစားတွေ ဝတ်ဆင်ရတယ်ဆိုတာ ကျမတို့ ဖျော်ဖြေမှုရဲ့ တစိတ်တပိုင်းပါပဲ။ နိုက်ကလပ်က အချိန်ပိုင်း ဖျော်ဖြေပေးဖို့ ငှားရမ်းခဲ့တယ်။ ဒါက ခုလိုလုပ်ခံရဖို့ မဟုတ်ပါဘူး။”

အဆိုတော်က ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ပြီး သင်ခန်းစာယူစေချင်တယ်၊ သူ ဖျော်ဖြေဖူးသမျှ ပွဲတွေတလျှောက် ဘယ်တုန်းကမှ ခုလိုမကြုံခဲ့ရဘူးလို့လည်း ပြောပါတယ်။

Credit : DVB

LEAVE A REPLY