Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ ဖိလစ္ပိုင္ေမာ္ဒယ္ Sinon Loresca တစ္ေယာက္ကေတာ့ ျမန္မာႏိုင္ငံနဲ႔ ျမန္မာလူမ်ိဳးေတြကိုခ်စ္တာေၾကာင့္ အခုထိ ျမန္မာ့ေျမကိုမခြါႏိုင္ပဲရွိေနပါတယ္။ ဒုတိယအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံကိုေရာက္ရွိလာခ်ိန္မွာေတာ့ ယခင္လို အလည္အပတ္မဟုတ္ပဲ ဇာတ္ကားေတြမွာပါ ပါဝင္သ႐ုပ္ေဆာင္လာတာကိုေတြ႕ရပါတယ္။

ဒါ့အျပင္ သူဟာ ျမန္မာႏိုင္ငံက လိုအပ္တဲ့ေနရာေတြ၊ မိဘမဲ့ေက်ာင္းေတြ၊ အိမ္ယာမဲ့ေတြ ကို လည္း အခ်ိန္ရသလို လႉဒါန္းမႈေတြ ျပဳလုပ္ေနတာ အားလုံးအသိပဲျဖစ္ပါတယ္။ဒါ့အျပင္ ျမန္မာႏိုင္ငံကိုလည္း ႏိုင္ငံျခား ခရီးသြားေတြ ဝင္လာေအာင္ သူက တတ္ႏိုင္တဲ့ဘက္ႀကိဳးစားေနတာကိုလည္းေတြ႕ရပါတယ္။သူဟာ ႏွလုံးလွသူတစ္ေယာက္ျဖစ္ၿပီးေတာ့ သူမွာ ေက်ာက္ကပ္တစ္လုံးသာ ရွိသူလည္းျဖစ္ပါတယ္။

 

ဘာေၾကာင့္လဲဆိုေတာ့ သူ႔အမ အတြက္ သူ႔ေက်ာက္ကပ္တစ္လုံးကို ေပးအပ္ခဲ့တာေၾကာင့္ပါ။ သူ႔အမဟာ ေက်ာက္ကပ္ပ်က္စီးၿပီးေသရမယ့္အခ်ိန္ျဖစ္ေနခ်ိန္မွာ Sinon တစ္ေယာက္က ေမာ္ဒယ္စျဖစ္ခ်ိန္ျဖစ္ပါတယ္။ သူအမက သူ႔ကိုဆက္သြယ္လာခ်ိန္မွာ ေနာက္ဆုံးအေျခအေနျဖစ္ပါတယ္။ သိသိခ်င္း Sinon ဟာ လန္ဒန္ကိုအေျပးသြားခဲ့ၿပီးေတာ့ သူ႔ရဲ႕ေက်ာက္ကပ္ကို သူ႔အမအတြက္ ထုတ္ေပးခဲ့တာပါ။

သူတို႔ေမာင္ႏွမ ႏွစ္ေယာက္ ေက်ာက္ကပ္လဲလွယ္ေနခ်ိန္မွာပဲ ဖခင္ျဖစ္သူက ဆုံးပါးသြားခဲ့ရပါတယ္။ဒါကို Sinon တစ္ေယာက္ အေရာက္သြားခ်င္ေပမယ့္ ဆရာဝန္ကခြင့္မျပဳလို႔ မသြားခဲ့ရျပန္ပါဘူး။ ဒါေၾကာင့္ ဒီလိုအေျခအေနေတြမွာ ၾကင္နာတတ္တဲ့ျမန္မာႏိုင္ငံကိုေရာက္လာေတာ့ Sinon တစ္ေယာက္ အေပ်ာ္ႀကီးေပ်ာ္ေနတာျဖစ္ၿပီးေတာ့ ျမန္မာလူမ်ိဳးေတြက သူ႔ကိုဂ႐ုစိုက္တာေၾကာင့္လည္း သူဟာ ေပ်ာ္႐ႊင္ေက်နပ္ေနတာကို ေတြ႕ရပါတယ္။

Writer- SMT(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

ကျောက်ကပ် တစ်လုံး စတေးခံပြီး အမ ဖြစ်သူရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ Sinon Loresca အကြောင်း

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca တစ်ယောက်ကတော့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကိုချစ်တာကြောင့် အခုထိ မြန်မာ့မြေကိုမခွါနိုင်ပဲရှိနေပါတယ်။ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကိုရောက်ရှိလာချိန်မှာတော့ ယခင်လို အလည်အပတ်မဟုတ်ပဲ ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

ဒါ့အပြင် သူဟာ မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေ၊ မိဘမဲ့ကျောင်းတွေ၊ အိမ်ယာမဲ့တွေ ကို လည်း အချိန်ရသလို လှူဒါန်းမှုတွေ ပြုလုပ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံကိုလည်း နိုင်ငံခြား ခရီးသွားတွေ ဝင်လာအောင် သူက တတ်နိုင်တဲ့ဘက်ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။သူဟာ နှလုံးလှသူတစ်ယောက်ဖြစ်ပြီးတော့ သူမှာ ကျောက်ကပ်တစ်လုံးသာ ရှိသူလည်းဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူ့အမ အတွက် သူ့ကျောက်ကပ်တစ်လုံးကို ပေးအပ်ခဲ့တာကြောင့်ပါ။ သူ့အမဟာ ကျောက်ကပ်ပျက်စီးပြီးသေရမယ့်အချိန်ဖြစ်နေချိန်မှာ Sinon တစ်ယောက်က မော်ဒယ်စဖြစ်ချိန်ဖြစ်ပါတယ်။ သူအမက သူ့ကိုဆက်သွယ်လာချိန်မှာ နောက်ဆုံးအခြေအနေဖြစ်ပါတယ်။ သိသိချင်း Sinon ဟာ လန်ဒန်ကိုအပြေးသွားခဲ့ပြီးတော့ သူ့ရဲ့ကျောက်ကပ်ကို သူ့အမအတွက် ထုတ်ပေးခဲ့တာပါ။

သူတို့မောင်နှမ နှစ်ယောက် ကျောက်ကပ်လဲလှယ်နေချိန်မှာပဲ ဖခင်ဖြစ်သူက ဆုံးပါးသွားခဲ့ရပါတယ်။ဒါကို Sinon တစ်ယောက် အရောက်သွားချင်ပေမယ့် ဆရာဝန်ကခွင့်မပြုလို့ မသွားခဲ့ရပြန်ပါဘူး။ ဒါကြောင့် ဒီလိုအခြေအနေတွေမှာ ကြင်နာတတ်တဲ့မြန်မာနိုင်ငံကိုရောက်လာတော့ Sinon တစ်ယောက် အပျော်ကြီးပျော်နေတာဖြစ်ပြီးတော့ မြန်မာလူမျိုးတွေက သူ့ကိုဂရုစိုက်တာကြောင့်လည်း သူဟာ ပျော်ရွှင်ကျေနပ်နေတာကို တွေ့ရပါတယ်။

Writer- SMT(Shwe Yaung Lan)

LEAVE A REPLY