Zawgyi ျဖင့္ဖတ္ရန္

 

အရက္ေၾကာ္ျငာေတြမွာ မိန္းမလွေလးေတြကိုအသုံးျပဳၿပီးေၾကာ္ျငာတာမ်ိဳးကိုမၾကာခဏေတြ႕ဖူးမွာပါ။ဒီလိုမ်ိဳးျပဳလုပ္ျခင္းဟာမသင့္ေတာ္ဘူးရယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ သတ္မွတ္လိုက္ၿပီလို႔ဆိုရမွာပါ။ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီးအရက္တစ္မ်ိဳးျဖစ္တဲ့ ဆိုဂ်ဴဟာဆိုလို႔ရွိရင္ နာမည္ႀကီးအလွပေဂးေလးေတြရဲ႕ပုံရိပ္ေတြကို အသုံးျပဳေလ့ရွိပါတယ္။

ဒီႏွစ္အတြက္ဆိုရင္ Irene ကို ဆိုဂ်ဴေၾကာ္ျငာမွာအသုံးျပဳတာကိုေတြ႕ရမွာပါ။ကိုးရီးယားႏိုင္ငံရဲ႕ က်န္းမာေရးႏွင့္လူမႈဖူလုံေရးဝန္ႀကီးဌာနကေတာ့ အရက္ေသစာေတြ အထူးသျဖင့္ ဆိုဂ်ဴလိုမ်ိဳးေတြမွာ ဆယ္လီေတြရဲ႕ပုံရိပ္အသုံးျပဳတာမ်ိဳးကို တာျမစ္ေတာ့မယ္လို႔ ႏိုဝင္ဘာလ(၄)ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္”စီးကရက္ေတြမွာဆိုရင္ ဆိုးဝါးတဲ့က်န္းမာေရးထိခိုက္မႈေတြကိုသတိျပဳမိရန္ ကင္ဆာေရာဂါပုံေတြကိုအသုံးျပဳထားပါတယ္။ဒါေၾကာင့္အရက္နဲ႔ပတ္သက္ရင္အနည္းဆုံး ဆယ္လီဘရစ္တီေတြရဲ႕ပုံေတြအသုံးျပဳတာမ်ိဳးကိုေတာ့တားျမစ္သင့္တယ္” လို႔ဆိုပါတယ္။

 

နာမည္ႀကီးဆယ္လီေတြကိုအသုံးျပဳတာေၾကာင့္ လူငယ္ေတြ ဆယ္ေက်ာ္သက္ေတြၾကားမွာ အရက္ေသစာကိုပိုမိုေသာက္သုံးမိေစပါတယ္။ဒီလိုအက်ိဳးသက္ေရာက္မႈမ်ားေစတာေၾကာင့္ ဆယ္လီေတြရဲ႕ပုံရိပ္ေတြကိုေဖ်ာက္ဖ်က္ပစ္ေတာ့မွာပါ။အဲ့ဒီအထဲမွာေတာ့ နာမည္ႀကီးအလွပေဂးေတြျဖစ္တဲ့ Suzy, IU, Seolhyun, Naeun, Irene နဲ႔ Sejeong တို႔ရဲ႕ပုံရိပ္ေတြလည္းပါဝင္မွာပါ။

share from :/burmese.asia

Unicode ဖြင့်ဖတ်ရန်

အရက်ပုလင်းတွေမှာ အမျိုးသမီးဆယ်လီတွေရဲ့ပုံအသုံးပြုတာမျိုးကို တားမြစ်လိုက်တဲ့တောင်ကိုရီးယားနိုင်ငံ

အရက်ကြော်ငြာတွေမှာ မိန်းမလှလေးတွေကိုအသုံးပြုပြီးကြော်ငြာတာမျိုးကိုမကြာခဏတွေ့ဖူးမှာပါ။ဒီလိုမျိုးပြုလုပ်ခြင်းဟာမသင့်တော်ဘူးရယ်လို့ တောင်ကိုရီးယားနိုင်ငံမှာတော့ သတ်မှတ်လိုက်ပြီလို့ဆိုရမှာပါ။တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအရက်တစ်မျိုးဖြစ်တဲ့ ဆိုဂျူဟာဆိုလို့ရှိရင် နာမည်ကြီးအလှပဂေးလေးတွေရဲ့ပုံရိပ်တွေကို အသုံးပြုလေ့ရှိပါတယ်။

ဒီနှစ်အတွက်ဆိုရင် Irene ကို ဆိုဂျူကြော်ငြာမှာအသုံးပြုတာကိုတွေ့ရမှာပါ။ကိုးရီးယားနိုင်ငံရဲ့ ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနကတော့ အရက်သေစာတွေ အထူးသဖြင့် ဆိုဂျူလိုမျိုးတွေမှာ ဆယ်လီတွေရဲ့ပုံရိပ်အသုံးပြုတာမျိုးကို တာမြစ်တော့မယ်လို့ နိုဝင်ဘာလ(၄)ရက်နေ့က ပြောကြားခဲ့ပါတယ်။ဒါ့အပြင်”စီးကရက်တွေမှာဆိုရင် ဆိုးဝါးတဲ့ကျန်းမာရေးထိခိုက်မှုတွေကိုသတိပြုမိရန် ကင်ဆာရောဂါပုံတွေကိုအသုံးပြုထားပါတယ်။ဒါကြောင့်အရက်နဲ့ပတ်သက်ရင်အနည်းဆုံး ဆယ်လီဘရစ်တီတွေရဲ့ပုံတွေအသုံးပြုတာမျိုးကိုတော့တားမြစ်သင့်တယ်” လို့ဆိုပါတယ်။

နာမည်ကြီးဆယ်လီတွေကိုအသုံးပြုတာကြောင့် လူငယ်တွေ ဆယ်ကျော်သက်တွေကြားမှာ အရက်သေစာကိုပိုမိုသောက်သုံးမိစေပါတယ်။ဒီလိုအကျိုးသက်ရောက်မှုများစေတာကြောင့် ဆယ်လီတွေရဲ့ပုံရိပ်တွေကိုဖျောက်ဖျက်ပစ်တော့မှာပါ။အဲ့ဒီအထဲမှာတော့ နာမည်ကြီးအလှပဂေးတွေဖြစ်တဲ့ Suzy, IU, Seolhyun, Naeun, Irene နဲ့ Sejeong တို့ရဲ့ပုံရိပ်တွေလည်းပါဝင်မှာပါ။

share from :/burmese.asia

 

LEAVE A REPLY