Zawgyi ျဖင့္ဖတ္ရန္

 

ေဒါက္တာထြန္းလြင္သည္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ယခင္ၫႊန္ၾကားေရးမႉးခ်ဳပ္(Former Director-General) ျဖစ္ပါသည္။ ဝန္ထမ္းဘဝမွ အနားယူၿပီးခ်ိန္တြင္လည္း ဂ်ာနယ္မ်ား၊ သတင္းဌာနမ်ား၊ အင္တာနက္ လူမႈကြန္ယက္မ်ားတြင္ မိုးေလဝသခန႔္မွန္းခ်က္မ်ား၊ သိပၸံေဆာင္းပါးမ်ား ေရးသားေဟာေျပာျခင္းျဖင့္ ျပည္သူကို အလုပ္အေကြၽး ျပဳခဲ့သည့္ ပညာရွင္တဦး ျဖစ္ပါသည္။ ငယ္ဘဝ ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔တြင္ စစ္ကိုင္းတိုင္း ငါန္းဇြန္ ၿမိဳ႕နယ္ ကုလားေက်း႐ြာ၌ အဖ ဦးသိန္းေမာင္ အမိ ေဒၚေအးႀကီး တို႔က ေမြးဖြားခဲ့သည္။ ေမြးခ်င္း ႏွစ္ဦး အနက္ အႀကီးျဖစ္သည္။

၁၉၆၄ ခုႏွစ္တြင္ မႏၲေလးတိုင္း လဖုန္း အထိမ္းအမွတ္ အထက္တန္းေက်ာင္းမွ အေျခခံ ပညာ အထက္တန္း ေအာင္ျမင္ခဲ့ၿပီး ျမန္မာႏိုင္ငံလုံး ဆိုင္ရာ သခ်ၤာ လူရည္ခြၽန္ (ေ႐ႊတံဆိပ္ဆု) ကို ရရွိခဲ့သည္။ ပညာမင္းႀကီး ဦးဘိုးသုန္ ေပးေသာ ပညာမင္းႀကီး ဆုတံဆိပ္ကို ရရွိသည္။ ၁၉၆၅-ခုႏွစ္တြင္ မႏၲေလးၿမိဳ႕ အ.ထ.က(၁၄)ေက်ာင္း (ယခင္- ဖာသာလဖုန္းေက်ာင္း)တြင္ ဆယ္တန္းေအာင္ျမင္သည္။ ၁၉၆၅-ခု၊ ေမလ(၃)ရက္တြင္ မႏၲေလးၿမိဳ႕ရွိ မိုးေလဝသဌာန၌ ေအာက္တန္းစာေရးအျဖစ္ အသက္(၁၇)ႏွစ္(၄)လအ႐ြယ္ မွ စတင္တာဝန္ထမ္းေဆာင္ခဲ့သည္။ အမႈထမ္းဘဝျဖင့္ မႏၲေလး၊ဝိဇၹာႏွင့္သိပၸံတကၠသိုလ္၊တိုးခ်ဲ႕ညေနသင္တန္းမွ သိပၸံဘြဲ႕(႐ူပေဗဒဘာသာအဓိက)ကို ဘာသာစုံဂုဏ္ထူး၊ အထူးေအာင္ျဖင့္ေအာင္ျမင္ခဲ့သည္။ ၁၉၇၁-ခုႏွစ္တြင္ B.Sc (႐ူပေဗဒ)ဘြဲ႕ ရရွိခဲ့သည္။

၁၉၈၇-ခုႏွစ္တြင္လည္း မဟာသိပၸံဘြဲ႕အတြက္ ဒုတိယအႀကိမ္ အေမရိကန္ ဖေလာရီဒါ တကၠသိုလ္ကို ပညာသင္ သြားရျပန္သည္။ ၁၉၈၉ ခုႏွစ္တြင္ ယင္းတကၠသိုလ္မွပင္ မဟာသိပၸံဘြဲ႕ (မိုးေလဝသ) ကို လည္းေကာင္း ေအာင္ျမင္ ရရွိခဲ့ကာ ပါရဂူဘြဲ႕ သင္တန္း တက္ေရာက္ခြင့္ သုံးႏွစ္ ပညာသင္ဆုကို အေမရိကန္ ျပည္ေထာင္စု အမ်ိဳးသား အဏၰဝါႏွင့္ ေလထု အုပ္ခ်ဳပ္ေရး အဖြဲ႕က ခ်ီးျမႇင့္ျခင္း ခံခဲ့ရသည္။ သို႔ေသာ္ မတက္ေရာက္ ျဖစ္ခဲ့ေပ။ ယခုအခါ ယင္းဘာသာရပ္ျဖင့္ ပါရဂူဘြဲ႕ က်မ္းျပဳစုၿပီးျဖစ္သည္ ၂၀၀၃ ခုႏွစ္တြင္ စက္မႈထူးခြၽန္ ဒုတိယဆုကို ရရွိခဲ့သည္။

Ph.Dဘြဲ႕ကို ရန္ကုန္တကၠသိုလ္တြင္ ေလးႏွစ္တက္ၿပီး ၂၀၀၈-ခုႏွစ္၊ ဇူလိုင္လတြင္ ေဒါက္တာဘြဲ႕ ရရွိခဲ့သည္။ ၂၀၀၉-ခုႏွစ္၊ မတ္လ(၂၀)ရက္ေန႔၌ ရန္ကုန္တကၠသိုလ္ ႐ူပေဗဒဌာနတြင္ ေပးအပ္ေသာ ပထမဆုံးဆရာခ ႐ူပေဗဒဆုကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရသည္။

၂၀၀၆ တြင္ ႏိုင္ငံတကာ မိုးေလဝသႏွင့္ ဇလေဗဒ အသင္းႀကီး၏ အၿမဲတန္း အသင္းဝင္၊ ၂၀၀၇ တြင္ အာရွေဒသ သဘာဝေဘးဒဏ္ ကာကြယ္ေရးႏွင့္ ျပင္ဆင္ေရး ေကာင္စီ ျမန္မာႏိုင္ငံ၏ ဥကၠ႒အျဖစ္ တာဝန္ယူ လုပ္ေဆာင္ခဲ့သည္။ ေဒါက္တာထြန္းလြင္မွာ ၁၉၈ဝ ခုႏွစ္ခန႔္မွသည္ ၫႊန္ၾကားေရးမႉး တာဝန္ယူထားသည့္တိုင္ မိုးေလဝသ သတင္းေၾကညာသူ အျဖစ္ လုပ္ေဆာင္ခဲ့သူ ျဖစ္သည္။ နာဂစ္မုန္တိုင္း မတိုင္မီ အခ်ိန္ထိ မိုးေလဝသ သတင္းအတြက္ အားထားရသူတဦး ျဖစ္ခဲ့ၿပီး သတင္းေလာကတြင္လည္း သတင္း ထုတ္ျပန္ရန္ ပြင့္လင္းသူ အျဖစ္ ေက်ာ္ၾကားခဲ့သည္။

၂၀၀၈ ခုႏွစ္ ေမလ နာဂစ္ မုန္တိုင္းႏွင့္ ပတ္သက္၍ အျငင္းပြားဖြယ္ရာ ျဖစ္ခဲ့ၿပီး မီဒီယာမ်ားတြင္ မိုးေလဝသဌာနက သတင္းထုတ္ျပန္ရန္ ပ်က္ကြက္ခဲ့ျခင္းႏွင့္ ပတ္သက္၍ ဦးထြန္းလြင္မွာ လူထု စိတ္ဝင္စားမႈ ခံရေသာ ပုဂၢိဳလ္ တစ္ဦးျဖစ္လာခဲ့သည္။

၁၉၆၅ ခုႏွစ္၊ ေမလ ၃ ရက္ေန႔၌ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီး ဌာနတြင္ တိုင္းထြာေရးမႉး အျဖစ္ စတင္ တာဝန္ ထမ္းေဆာင္ခဲ့ၿပီး ယခုအခါ ၫႊန္ၾကားေရးမႉးခ်ဳပ္ အျဖစ္ အဆင့္ဆင့္ တိုးျမႇင့္ တာဝန္ ထမ္းေဆာင္ခဲ့။

ျမန္မာ့ ႐ုပ္ျမင္သံၾကား သတင္း အစီအစဥ္တြင္ လပတ္ မိုးေလဝသ သတင္း ေၾကညာသူ အျဖစ္ ၁၉၈ဝ ျပည့္ႏွစ္ ေအာက္တိုဘာလမွ စ၍ ယေန႔ အထိ ၂၆ ႏွစ္ေက်ာ္ ေဆာင္႐ြက္ခဲ့။

လုပ္ငန္း တာဝန္ျဖင့္ အေမရိကန္၊ ဂ်ပန္၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ တ႐ုတ္၊ ဆြစ္ဇာလန္၊ ထိုင္း၊ ဩစေၾတးလ်၊ ဘ႐ူႏိုင္း၊ စင္ကာပူ၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဂ်ာမနီ၊ ကိုရီးယား၊ အိႏၵိယ၊ ျပင္သစ္၊ ကင္ညာ၊ ကေနဒါ စသည့္ ႏိုင္ငံမ်ားတြင္ မိုးေလဝသႏွင့္ ဇလေဗဒ ဆိုင္ရာ သင္တန္းမ်ား၊ အစည္းအေဝးမ်ား၊ စာတမ္း ဖတ္ပြဲမ်ား၊ ေဆြးေႏြးပြဲမ်ား၊ ကြန္ဖရင့္မ်ား တက္ေရာက္ တင္ျပခဲ့။

သုေတသန စာတမ္းေပါင္း ၆ဝ ေက်ာ္၊ ေဆာင္းပါးေပါင္း ၉ဝ ေက်ာ္ ေရးသား ျပဳစု ပုံႏွိပ္ခဲ့ၿပီး ျပည္ပတြင္ (၂၁) ႀကိမ္၊ ျပည္တြင္းတြင္ အႀကိမ္ (၁၅၀) ေက်ာ္ ေဟာေျပာ ပို႔ခ်ခဲ့။

၂၀၀၃ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ နအဖ စစ္အစိုးရက စက္မႈ စီးပြား ထူးခြၽန္ဆု (ဒုတိယ အဆင့္) ကို ခ်ီးျမႇင့္ခဲ့။

သခ်ၤာ ပုံစံသုံး မိုးေလဝသ ခန႔္မွန္းနည္း၊ ကမ္း႐ိုးတန္း ေဒသမ်ား အတြက္ မုန္တိုင္း ဒီေရ ခန႔္မွန္းျခင္း ဆိုင္ရာ လက္ေတြ႕ သုံးနည္း စနစ္၊ မိုးေလဝသ ရက္ရွည္ ခန႔္မွန္းျခင္း အတြက္ တာေဝး ဆက္ႏြယ္မႈ နည္းစနစ္ စသည့္တို႔ကို ပထမ ဦးဆုံး တီထြင္ အသုံးျပဳ ႏိုင္ခဲ့သူ ျဖစ္။

ဦးထြန္းလြင္သည္ မိုးေလဝသႏွင့္ ဇလ ေဗဒ ၫႊန္ၾကားမႈ ဦးစီး ဌာနတြင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ၿပီး ၂၀၀၆ ခုႏွစ္ မွာပင္ လုပ္ငန္းပိုင္း ဆိုင္ရာ ေအာင္ျမင္မႈ တရပ္ အေနျဖင့္ အာရွ သဘာဝေဘး ေစာင့္ၾကည့္ ျပင္ဆင္ေရး ဗဟို ဌာန (Asian Disaster Preparedness Centre, ADPC) မွ ပထမဆုံး ဖြဲ႕စည္းသည့္ ငါးႏွစ္တာ လုပ္ငန္း စီမံခ်က္၏ ဦးေဆာင္မႈ ေကာ္မတီတြင္ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ဥကၠ႒ အျဖစ္ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရသည္။

ဦးထြန္းလြင္သည္ အမႈထမ္းသက္ ႏွစ္ ၄ဝ ေက်ာ္ အတြင္း လုပ္ငန္းပိုင္း ဆိုင္ရာ စြမ္းေဆာင္မႈမ်ား အေနျဖင့္ မုန္တိုင္း ဒီေရ ခန႔္မွန္းနည္း ေဖာ္ထုတ္ျခင္း၊ အယ္လ္နီညိဳ၊ လာနီညာ ျဖစ္စဥ္မ်ားႏွင့္ တာေဝး ဆက္ႏြယ္မႈအား ဌာနတြင္း ပထမဆုံး ေလ့လာ တင္ျပျခင္း၊ ျမန္မာႏိုင္ငံ၏ ရာသီ ဥတု ေျပာင္းလဲပုံမ်ားကို ၁၉၇၇ ခုႏွစ္မွ စတင္၍ ႏွစ္ ၅ဝ ၾကာ မွတ္တမ္း ျပဳကာ သုေတသန ျပဳႏိုင္ခဲ့ျခင္း စသည္ တို႔ကို ေဆာင္႐ြက္ ခဲ့သည္။

ဦးထြန္းလြင္သည္ ႏိုင္ငံတကာ ပူးေပါင္း ေဆာင္႐ြက္မႈ၏ အားကို ရယူ၍ ျမန္မာႏိုင္ငံ အတြက္ ရာသီဥတုႏွင့္ သဘာဝ ေဘးအႏၲရာယ္ ဆိုင္ရာ လုပ္ငန္းမ်ား အေပၚ အက်ိဳး ရွိေစရန္ ၂၀၀၆ ခုႏွစ္ အတြင္း ဌာန၏ ဦးေဆာင္သူ အေနျဖင့္ ပါဝင္ခဲ့သည္။ ရလဒ္မ်ား အေနျဖင့္ UNESCO အကူအညီျဖင့္ ပင္လယ္ ေရမ်က္ႏွာျပင္ တိုင္းတာေရး စခန္း ဖြင့္လွစ္မႈမ်ား၊ ADPC ၏ နည္းပညာပိုင္း၊ ပစၥည္း ကိရိယာပိုင္း ေထာက္ပံ့မႈမ်ား စသည္ တို႔ကို ရရွိခဲ့ၿပီး ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ အၿငိမ္းစား ဥပေဒအရ အသက္ ၆၅ႏွစ္ထိ တာဝန္ထမ္းေဆာင္ႏိုင္ေသာ္လည္း ၂၀၀၉ ခုႏွစ္၊ ဇြန္ ၁ ရက္ေန႔တြင္ အသက္ ၆၁ ႏွစ္ အ႐ြယ္တြင္ က်န္းမာေရးအရ ႐ုတ္တရက္ အၿငိမ္းစား ယူလိုက္ျခင္းျဖစ္သည္။ သို႔ေသာ္ မိုးေလဝသႏွင့္ ဇလေဗဒလုပ္ငန္းမ်ားတြင္ သုေတသီအျဖစ္ ဆက္လက္လုပ္ကိုင္ သြားမည္။

၂၀ဝ၉ ခုႏွစ္၊ေမလ(၂၉)ရက္ေန႔တြင္ ၫႊန္ၾကားေရးမႉးခ်ဳပ္(အႀကံေပးအရာရွိ)ရာထူးျဖင့္ အၿငိမ္းစားယူခဲ့ရာ၊ ႏိုင္ငံေတာ္ဝန္ထမ္းအျဖစ္(၄၅)ႏွစ္ခန႔္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ေဒါက္တာထြန္းလြင္သည္ ယေန႔အထိ ဘာသာရပ္ဆိုင္ရာ သုေတသနစာမ္း ျမန္မာ/အဂၤလိပ္ႏွစ္ရပ္ေပါင္း (၈၀)ေက်ာ္၊ ေဆာင္းပါးေပါင္း(၁၂၀)ေက်ာ္ႏွင့္ ေဟာေျပာပြဲ ျပည္တြင္း(၃၀ဝ)ခန႔္၊ ျပည္ပ(၄၀)ခန႔္ ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။

ဘာသာရပ္ဆိုင္ရာစာအုပ္(၃)အုပ္ေရးသားခဲ့ရာ လာနီညာဆိုေသာ မိန္းကေလးႏွင့္ အျခား သဘာဝ ေဘးအႏၲရာယ္ ဆိုင္ရာ စာအုပ္မ်ား သုတစြယ္စုံ သိပၸံစာေပဆု ဆြတ္ခူးရရွိခဲ့သည္။ အမႈထမ္းဘဝတြင္ စက္မႈစီးပြား ဒုတိယဆင့္ အပါအဝင္ႏိုင္ငံေတာ္မွဆုတံဆိပ္(၅)ခု ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ ေဒါက္တာထြန္းလြင္သည္ လက္ရွိတြင္ ထိုင္းႏိုင္ငံ၊ AIT တြင္ဖြင့္လွစ္ထားေသာ RIMES(Regional Integrated Multi-hazard Early Warning System)၏ Technical Advisor အျဖစ္လည္းေကာင္း၊ Consultant အျဖစ္ MRCS, CARE Myanmar. Actionaid Myanmar, EcoDev, NAG တို႔တြင္လည္းေကာင္း၊ Resouce Person အျဖစ္ ICHARM(Japan), EGRESS, World Vision Myanmar, Global Green အပါအဝင္ အျခားေသာ LNGOs, INGOs မ်ားတြင္ ရာသီဥတုေျပာင္းလဲျခင္းႏွင့္ သဘာဝေဘးအႏၲရာယ္ဆုံးရႈံးနစ္နာႏိုင္မႈေလ်ာ့ပါးေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ရွိပါသည္။ FM ေရဒီယိုလိုင္းမ်ားျဖစ္သည့္ Mandalay FM ႏွင့္ Shwe FM တို႔တြင္ အပတ္စဥ္ႏွင့္လစဥ္ရာသီဥတုေရးရာေဆြးေႏြးေဟာေျပာသူအျဖစ္လည္းေကာင္း၊ ႐ုပ္သံလိုင္းျဖစ္သည့္ MRTV-4 တြင္ အခါအားေလ်ာ္စြာ ေဟာေျပာသူအျဖစ္လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။ေဒါက္တာထြန္းလြင္သည္ ၂၀၁၁-ခုႏွစ္၊ ဩဂုတ္လ ၅ ရက္ေန႔တြင္ ထြန္းလြင္ ေဖါင္ေဒးရွင္းကို ထူေထာင္သည္။

ေဒါက္တာထြန္းလြင္ ဇနီး ေဒၚမူမူသန္းႏွင့္ အတူ သား/သမီး(၃)ဦး၊ေျမး(၂)ဦးတို႔ႏွင့္ ရန္ကုန္ၿမိဳ႕၊ သုဝဏၰရွိ တိုက္(၆)၊အခန္း(၁)။(ဖုံး၉၅-၁-၅၆၀၉၃၈)တြင္ က်န္းမာေပ်ာ္႐ႊင္စြာ ေနထိုင္ခဲ့ပါသည္။ျပည္သူကို ခ်စ္ေသာ ျပည္သူ႔က ခ်စ္ေသာ မိုးေလဝသ ဆရာႀကီး ဦးထြန္းလြင္သည္ မိုးေလဝသ ခန႔္မွန္းျခင္း၊ သိပၸံေဆာင္းပါးမ်ား ေရးသားျခင္း၊ စာေပေဟာေျပာပြဲမ်ား ေဟာေျပာျခင္းစသျဖင့္ ျပည္သူ႔ အက်ိဳးျပဳ လုပ္ငန္းမ်ားကို အိပ္ယာထဲ မလဲခင္အခ်ိန္ထိ စြမ္းစြမ္းတမံ ေဆာင္႐ြက္ခဲ့ၿပီး ၄-၁၁-၂၀၁၉ ရက္ေန႔တြင္ ဂရန္းဟံသာေဆး႐ုံ၌ သူခ်စ္ေသာ မိသားစုနဲ႔ ျပည္သူမ်ားကို ထားရစ္ခဲ့ၿပီး ဘဝတပါးသို႔ ကြယ္လြန္ အနိစၥေရာက္ရွိခဲ့ပါသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ပြည်သူချစ်တဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ ဘဝဇာတ်ကြောင်း အပြည့်အစုံ

ဒေါက်တာထွန်းလွင်သည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယခင်ညွှန်ကြားရေးမှူးချုပ်(Former Director-General) ဖြစ်ပါသည်။ ဝန်ထမ်းဘဝမှ အနားယူပြီးချိန်တွင်လည်း ဂျာနယ်များ၊ သတင်းဌာနများ၊ အင်တာနက် လူမှုကွန်ယက်များတွင် မိုးလေဝသခန့်မှန်းချက်များ၊ သိပ္ပံဆောင်းပါးများ ရေးသားဟောပြောခြင်းဖြင့် ပြည်သူကို အလုပ်အကျွေး ပြုခဲ့သည့် ပညာရှင်တဦး ဖြစ်ပါသည်။ ငယ်ဘဝ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း ငါန်းဇွန် မြို့နယ် ကုလားကျေးရွာ၌ အဖ ဦးသိန်းမောင် အမိ ဒေါ်အေးကြီး တို့က မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ဦး အနက် အကြီးဖြစ်သည်။

၁၉၆၄ ခုနှစ်တွင် မန္တလေးတိုင်း လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်းမှ အခြေခံ ပညာ အထက်တန်း အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်္ချာ လူရည်ချွန် (ရွှေတံဆိပ်ဆု) ကို ရရှိခဲ့သည်။ ပညာမင်းကြီး ဦးဘိုးသုန် ပေးသော ပညာမင်းကြီး ဆုတံဆိပ်ကို ရရှိသည်။ ၁၉၆၅-ခုနှစ်တွင် မန္တလေးမြို့ အ.ထ.က(၁၄)ကျောင်း (ယခင်- ဖာသာလဖုန်းကျောင်း)တွင် ဆယ်တန်းအောင်မြင်သည်။ ၁၉၆၅-ခု၊ မေလ(၃)ရက်တွင် မန္တလေးမြို့ရှိ မိုးလေဝသဌာန၌ အောက်တန်းစာရေးအဖြစ် အသက်(၁၇)နှစ်(၄)လအရွယ် မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အမှုထမ်းဘဝဖြင့် မန္တလေး၊ဝိဇ္ဖာနှင့်သိပ္ပံတက္ကသိုလ်၊တိုးချဲ့ညနေသင်တန်းမှ သိပ္ပံဘွဲ့(ရူပဗေဒဘာသာအဓိက)ကို ဘာသာစုံဂုဏ်ထူး၊ အထူးအောင်ဖြင့်အောင်မြင်ခဲ့သည်။ ၁၉၇၁-ခုနှစ်တွင် B.Sc (ရူပဗေဒ)ဘွဲ့ ရရှိခဲ့သည်။

၁၉၈၇-ခုနှစ်တွင်လည်း မဟာသိပ္ပံဘွဲ့အတွက် ဒုတိယအကြိမ် အမေရိကန် ဖလောရီဒါ တက္ကသိုလ်ကို ပညာသင် သွားရပြန်သည်။ ၁၉၈၉ ခုနှစ်တွင် ယင်းတက္ကသိုလ်မှပင် မဟာသိပ္ပံဘွဲ့ (မိုးလေဝသ) ကို လည်းကောင်း အောင်မြင် ရရှိခဲ့ကာ ပါရဂူဘွဲ့ သင်တန်း တက်ရောက်ခွင့် သုံးနှစ် ပညာသင်ဆုကို အမေရိကန် ပြည်ထောင်စု အမျိုးသား အဏ္ဏဝါနှင့် လေထု အုပ်ချုပ်ရေး အဖွဲ့က ချီးမြှင့်ခြင်း ခံခဲ့ရသည်။ သို့သော် မတက်ရောက် ဖြစ်ခဲ့ပေ။ ယခုအခါ ယင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကျမ်းပြုစုပြီးဖြစ်သည် ၂၀၀၃ ခုနှစ်တွင် စက်မှုထူးချွန် ဒုတိယဆုကို ရရှိခဲ့သည်။

Ph.Dဘွဲ့ကို ရန်ကုန်တက္ကသိုလ်တွင် လေးနှစ်တက်ပြီး ၂၀၀၈-ခုနှစ်၊ ဇူလိုင်လတွင် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ၂၀၀၉-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၌ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ပေးအပ်သော ပထမဆုံးဆရာခ ရူပဗေဒဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၂၀၀၆ တွင် နိုင်ငံတကာ မိုးလေဝသနှင့် ဇလဗေဒ အသင်းကြီး၏ အမြဲတန်း အသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ ဒေါက်တာထွန်းလွင်မှာ ၁၉၈ဝ ခုနှစ်ခန့်မှသည် ညွှန်ကြားရေးမှူး တာဝန်ယူထားသည့်တိုင် မိုးလေဝသ သတင်းကြေညာသူ အဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ နာဂစ်မုန်တိုင်း မတိုင်မီ အချိန်ထိ မိုးလေဝသ သတင်းအတွက် အားထားရသူတဦး ဖြစ်ခဲ့ပြီး သတင်းလောကတွင်လည်း သတင်း ထုတ်ပြန်ရန် ပွင့်လင်းသူ အဖြစ် ကျော်ကြားခဲ့သည်။

၂၀၀၈ ခုနှစ် မေလ နာဂစ် မုန်တိုင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထု စိတ်ဝင်စားမှု ခံရသော ပုဂ္ဂိုလ် တစ်ဦးဖြစ်လာခဲ့သည်။

၁၉၆၅ ခုနှစ်၊ မေလ ၃ ရက်နေ့၌ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနတွင် တိုင်းထွာရေးမှူး အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအခါ ညွှန်ကြားရေးမှူးချုပ် အဖြစ် အဆင့်ဆင့် တိုးမြှင့် တာဝန် ထမ်းဆောင်ခဲ့။

မြန်မာ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် လပတ် မိုးလေဝသ သတင်း ကြေညာသူ အဖြစ် ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလမှ စ၍ ယနေ့ အထိ ၂၆ နှစ်ကျော် ဆောင်ရွက်ခဲ့။

လုပ်ငန်း တာဝန်ဖြင့် အမေရိကန်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တရုတ်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဩစတြေးလျ၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျာမနီ၊ ကိုရီးယား၊ အိန္ဒိယ၊ ပြင်သစ်၊ ကင်ညာ၊ ကနေဒါ စသည့် နိုင်ငံများတွင် မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ သင်တန်းများ၊ အစည်းအဝေးများ၊ စာတမ်း ဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ တက်ရောက် တင်ပြခဲ့။

သုတေသန စာတမ်းပေါင်း ၆ဝ ကျော်၊ ဆောင်းပါးပေါင်း ၉ဝ ကျော် ရေးသား ပြုစု ပုံနှိပ်ခဲ့ပြီး ပြည်ပတွင် (၂၁) ကြိမ်၊ ပြည်တွင်းတွင် အကြိမ် (၁၅၀) ကျော် ဟောပြော ပို့ချခဲ့။

၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နအဖ စစ်အစိုးရက စက်မှု စီးပွား ထူးချွန်ဆု (ဒုတိယ အဆင့်) ကို ချီးမြှင့်ခဲ့။

သင်္ချာ ပုံစံသုံး မိုးလေဝသ ခန့်မှန်းနည်း၊ ကမ်းရိုးတန်း ဒေသများ အတွက် မုန်တိုင်း ဒီရေ ခန့်မှန်းခြင်း ဆိုင်ရာ လက်တွေ့ သုံးနည်း စနစ်၊ မိုးလေဝသ ရက်ရှည် ခန့်မှန်းခြင်း အတွက် တာဝေး ဆက်နွယ်မှု နည်းစနစ် စသည့်တို့ကို ပထမ ဦးဆုံး တီထွင် အသုံးပြု နိုင်ခဲ့သူ ဖြစ်။

ဦးထွန်းလွင်သည် မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၆ ခုနှစ် မှာပင် လုပ်ငန်းပိုင်း ဆိုင်ရာ အောင်မြင်မှု တရပ် အနေဖြင့် အာရှ သဘာဝဘေး စောင့်ကြည့် ပြင်ဆင်ရေး ဗဟို ဌာန (Asian Disaster Preparedness Centre, ADPC) မှ ပထမဆုံး ဖွဲ့စည်းသည့် ငါးနှစ်တာ လုပ်ငန်း စီမံချက်၏ ဦးဆောင်မှု ကော်မတီတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

ဦးထွန်းလွင်သည် အမှုထမ်းသက် နှစ် ၄ဝ ကျော် အတွင်း လုပ်ငန်းပိုင်း ဆိုင်ရာ စွမ်းဆောင်မှုများ အနေဖြင့် မုန်တိုင်း ဒီရေ ခန့်မှန်းနည်း ဖော်ထုတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာ ဖြစ်စဉ်များနှင့် တာဝေး ဆက်နွယ်မှုအား ဌာနတွင်း ပထမဆုံး လေ့လာ တင်ပြခြင်း၊ မြန်မာနိုင်ငံ၏ ရာသီ ဥတု ပြောင်းလဲပုံများကို ၁၉၇၇ ခုနှစ်မှ စတင်၍ နှစ် ၅ဝ ကြာ မှတ်တမ်း ပြုကာ သုတေသန ပြုနိုင်ခဲ့ခြင်း စသည် တို့ကို ဆောင်ရွက် ခဲ့သည်။

ဦးထွန်းလွင်သည် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု၏ အားကို ရယူ၍ မြန်မာနိုင်ငံ အတွက် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ လုပ်ငန်းများ အပေါ် အကျိုး ရှိစေရန် ၂၀၀၆ ခုနှစ် အတွင်း ဌာန၏ ဦးဆောင်သူ အနေဖြင့် ပါဝင်ခဲ့သည်။ ရလဒ်များ အနေဖြင့် UNESCO အကူအညီဖြင့် ပင်လယ် ရေမျက်နှာပြင် တိုင်းတာရေး စခန်း ဖွင့်လှစ်မှုများ၊ ADPC ၏ နည်းပညာပိုင်း၊ ပစ္စည်း ကိရိယာပိုင်း ထောက်ပံ့မှုများ စသည် တို့ကို ရရှိခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅နှစ်ထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ၂၀၀၉ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် အသက် ၆၁ နှစ် အရွယ်တွင် ကျန်းမာရေးအရ ရုတ်တရက် အငြိမ်းစား ယူလိုက်ခြင်းဖြစ်သည်။ သို့သော် မိုးလေဝသနှင့် ဇလဗေဒလုပ်ငန်းများတွင် သုတေသီအဖြစ် ဆက်လက်လုပ်ကိုင် သွားမည်။

၂၀ဝ၉ ခုနှစ်၊မေလ(၂၉)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်(အကြံပေးအရာရှိ)ရာထူးဖြင့် အငြိမ်းစားယူခဲ့ရာ၊ နိုင်ငံတော်ဝန်ထမ်းအဖြစ်(၄၅)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာထွန်းလွင်သည် ယနေ့အထိ ဘာသာရပ်ဆိုင်ရာ သုတေသနစာမ်း မြန်မာ/အင်္ဂလိပ်နှစ်ရပ်ပေါင်း (၈၀)ကျော်၊ ဆောင်းပါးပေါင်း(၁၂၀)ကျော်နှင့် ဟောပြောပွဲ ပြည်တွင်း(၃၀ဝ)ခန့်၊ ပြည်ပ(၄၀)ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဘာသာရပ်ဆိုင်ရာစာအုပ်(၃)အုပ်ရေးသားခဲ့ရာ လာနီညာဆိုသော မိန်းကလေးနှင့် အခြား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စာအုပ်များ သုတစွယ်စုံ သိပ္ပံစာပေဆု ဆွတ်ခူးရရှိခဲ့သည်။ အမှုထမ်းဘဝတွင် စက်မှုစီးပွား ဒုတိယဆင့် အပါအဝင်နိုင်ငံတော်မှဆုတံဆိပ်(၅)ခု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒေါက်တာထွန်းလွင်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၊ AIT တွင်ဖွင့်လှစ်ထားသော RIMES(Regional Integrated Multi-hazard Early Warning System)၏ Technical Advisor အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar. Actionaid Myanmar, EcoDev, NAG တို့တွင်လည်းကောင်း၊ Resouce Person အဖြစ် ICHARM(Japan), EGRESS, World Vision Myanmar, Global Green အပါအဝင် အခြားသော LNGOs, INGOs များတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆုံးရှုံးနစ်နာနိုင်မှုလျော့ပါးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရှိပါသည်။ FM ရေဒီယိုလိုင်းများဖြစ်သည့် Mandalay FM နှင့် Shwe FM တို့တွင် အပတ်စဉ်နှင့်လစဉ်ရာသီဥတုရေးရာဆွေးနွေးဟောပြောသူအဖြစ်လည်းကောင်း၊ ရုပ်သံလိုင်းဖြစ်သည့် MRTV-4 တွင် အခါအားလျော်စွာ ဟောပြောသူအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ဒေါက်တာထွန်းလွင်သည် ၂၀၁၁-ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ထွန်းလွင် ဖေါင်ဒေးရှင်းကို ထူထောင်သည်။

ဒေါက်တာထွန်းလွင် ဇနီး ဒေါ်မူမူသန်းနှင့် အတူ သား/သမီး(၃)ဦး၊မြေး(၂)ဦးတို့နှင့် ရန်ကုန်မြို့၊ သုဝဏ္ဏရှိ တိုက်(၆)၊အခန်း(၁)။(ဖုံး၉၅-၁-၅၆၀၉၃၈)တွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်ခဲ့ပါသည်။ပြည်သူကို ချစ်သော ပြည်သူ့က ချစ်သော မိုးလေဝသ ဆရာကြီး ဦးထွန်းလွင်သည် မိုးလေဝသ ခန့်မှန်းခြင်း၊ သိပ္ပံဆောင်းပါးများ ရေးသားခြင်း၊ စာပေဟောပြောပွဲများ ဟောပြောခြင်းစသဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို အိပ်ယာထဲ မလဲခင်အချိန်ထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး ၄-၁၁-၂၀၁၉ ရက်နေ့တွင် ဂရန်းဟံသာဆေးရုံ၌ သူချစ်သော မိသားစုနဲ့ ပြည်သူများကို ထားရစ်ခဲ့ပြီး ဘဝတပါးသို့ ကွယ်လွန် အနိစ္စရောက်ရှိခဲ့ပါသည်။

share from : burmese.asia

LEAVE A REPLY