Zawgyi ဖြင့်ဖတ်ရန်



 



Unicode ဖြင့်ဖတ်ရန်

ယခုလရဲ့ ကံအထူးဆုံး ကျပ်သိန်းတစ်သောင်းခွဲ ပိုင်ရှင် ဦးလေးကြီး ဦးသန်းကျော်

အားလုံးစောင့်မျှော်နေကြတဲ့ (၉) ကြိမ်မြောက် အောင်ဘာလေထီ မဟာကံထူးရှင်ရွေးခြယ်ပွဲကတော့ ဒီနေ့မှာ အဖြူအမဲသဲကွဲစွာထွက်ပေါ်လာခဲ့ပါပြီ။ ထီပေါက်ရင်ဘာလုပ်မယ်ဆိုတဲ့ အတွေးနဲ့အိပ်မက်တွေဟာ ဒီနေ့ကို အခြေခံပြီးပေါက်ဖွားလာတာကြောင့် ဒီနေ့မှာတော့ ထီချစ်သူပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပါပဲ။

ထီပေါက်စဉ် တိုက်ရိုက်ကြေငြာနေစဉ်မှာလည်း အက္ခရာတစ်လုံးခြင်းအလိုက် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရမှာ အသေအချာပါပဲ။ ကံထူးရှင်ဟာ ကိုယ်မဟုတ်ခဲ့ရင်တောင် ဘယ်သူများ ဖြစ်မလဲလို့ အားလုံး သိချင်ကြမှာပါ။ အခုတော့ ဒီအဖြေကို အားလုံး သိအောင် မျှဝေပေးလိုက်ပါတယ်။

(၉) ကြိမ်မြောက်အောင်ဘာလေ ထီဖွင့်ပွဲမှာ သိန်း ၁၅၀၀၀ ခွဲ မဟာကံထူးရှင်ကတော့မိုးမိတ်မြို့ ၊ မဘိမ်မြို့နယ် ၊ ရမ်းဘိုရွာမှာ နေထိုင်သူ ဦးသန်းကျော်ပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် သိန်း ၁၅၀၀၀ အထူးဆုကြီးကို ယ-၈၁၇၄၀၂ နဲ့ ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီပေါက်မဲကိုတော့ မိုးမိတ်မိုးယံ (စန္ဒကူးအထည်ဆိုင်) စိန်သန်းဌေး ထီကားကနေ ကံထူးသွားခဲ့တာဖြစ်ကြောင်းကို အားလုံး ဝမ်းသာရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

share from : burmese.asia

LEAVE A REPLY