Zawgyi ဖြင့်ဖတ်ရန်



 

Win Naing

အိမ်မှာတစ်ယောက်ထဲနေတာများတော့ ဟိုတွေးဒီတွေးနဲ့ပေါ့။ပြီးတော့ကျန်းမာရေးကလည်းတော်တော်မကောင်းတော့ ဘိုးဘွားရိပ်သာကိုပဲ သွားဖို့ ဆုံဖြတ်လိုက်တယ်လို့ဆိုတဲ့ ဦးဝင်းနိုင်(အနုပညာ)..#WinNaing#CG#CeleGabar

Posted by Cele Gabar on Tuesday, November 5, 2019

 



Unicode ဖြင့်ဖတ်ရန်

အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ သွားရောက်နေထိုင်ရတော့မယ့် ဦးဝင်းနိုင်(အနုပညာ)

အနုပညာလောကမှာ တစ်ခါက ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင် ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့တာ ပရိသတ်တွေ သတိထားမိလိမ့်မယ်လို့ထင်ပါတယ်။အခုလိုရုပ်ရှင်ဇာတ်ကားတွေမှာ ဦးဝင်းနိုင်တစ်ယောက်ကိုမတွေရတော့တာကတော့ ဦးဝင်းနိုင်ဟာ လေဖြတ်ရောဂါဝေဒနာကို ခံစားနေရတာကြောင့် ရုပ်ရှင်တွေမရိုက်ကူးနိုင်တော့တာပဲဖြစ်ပါတယ်။

လေဖြတ်ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဝင်းနိုင်ဟာ အဲ့ဒီရောဂါဝေဒနာကြောင့်ပဲ မိသားစုနဲ့ခွဲကာ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ သွားရောက်နေထိုင်ရမှာဖြစ်ပါတယ်။ရိပ်သာမှာ ရုပ်ရှင်လောကကအသိမိတ်ဆွေတွေရှိတာကတစ်ကြောင်း၊ ရိပ်သာရဲ့ နေရာဝန်းကျင်က ကျယ်တာကြောင့် လေဖြတ်ရောဂါအတွက် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖို့ အဆင်ပြေတာကတစ်ကြောင်း ရောဂါကလှုပ်လှုပ်ရှားရှားလုပ်ပေးရတာတွေကြောင့် ဘိုးဘွားရိပ်သာမှာသွားရောက်နေထိုင်ဖြစ်တာလို့သိရှိရပြီး တခြားအကြောင်းအရာတွေကြောင့်တော့ မဟုတ်ပါဘူးလို့လည်း သိရှိရပါတယ်။

ရိပ်သာမှာ သွားရောက်နေထိုင်ချိန်မှာတော့ “ရိပ်သာဝန်းထဲမှာ ဘုရားရှိတယ်။ အဲ့ဒီမှာဆိုဝတ်မပျက်တော့ဘူးပေါ့ အိမ်မှာနေရင်ကျ တစ်ခါတလေပျက်တယ်။ရိပ်သာမှာဆိုရင်တော့ မနက်တစ်ခေါက်ညနေတစ်ခေါက်တော့ ဘုရားတရားအလုပ်တွေလုပ်နိုင်မှာပေါ့ အဓိကကအဲ့တာလည်းပါတာပေါ့။ဟိုမှာက ဝိပဿနာအလုပ်ပေးဆရာတော်လည်းရှိတယ်။”လို့ ရိပ်သာမှာဆို ဘုရားတရားပိုလုပ်ဖြစ်မှာပါဆိုပြီးလည်း ဖြေကြားထားပါသေးတယ်။ပရိသတ်ကြီးရေ ဦးဝင်းနိုင်တစ်ယောက် ကျန်းမာရေးတွေအမြန်ဆုံးပြန်ကောင်းလာအောင် ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်။

share from : burmese.asia

LEAVE A REPLY