Zawgyi ဖြင့်ဖတ်ရန်



 



Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ဆရာမနှစ်ဦးနှင့် CCTV တာဝန်ခံအား အပြန်အလှန် စစ်ဆေးမေးမြန်းမည်

ယနေ့ ပြုလုပ်မည့် ဗစ်တိုးရီးယားလေး၏ ၁၀ ကြိမ်မြောက်ရုံးချိန်းတွင် ကျောင်းမှ ဆရာမ နှစ်ဦးနှင့် CCTV တာဝန်ခံတို့အား နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရုံးချိန်းမှာလည်း Wisdom Hill ကျောင်းမှ ဆရာမ တစ်ဦးနှင့် CCTV တာဝန်ရှိသူတို့အား နှစ်ဖက်ရှေ့နေများမှ အပြန်အလှန်စစ်မေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ပြီး ထိုသို့ စစ်ဆေးမေးမြန်းမှု နှင့် ပတ်သက်၍ အားရကျေနပ်မှုရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောကြားခဲ့ကြောင်း သိရှိရသည်။

တရားလိုပြ သက်သေများအား ယနေ့ အချိန်အထိ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ရာတွင် အောင်ကြီး မှ အပြစ်ကျူးလွန်သည်ဟု ထွန်ဆိုထားခြင်းမရှိသည့်အတွက် အောင်ကြီး ကျူးလွန်သည်ဟု ပြောဆိုသူကိုလည်း ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒေါ်စုဒါလီအောင်ကပြောကြားခဲ့ကြောင်း သိရှိရသည်။

share from : burmese.asia

LEAVE A REPLY