Zawgyi ျဖင့္ဖတ္ရန္

မူႀကိဳေက်ာင္းသူေလး ဗစ္တိုးရီးယားအမႈအတြက္ ႏိုဝင္ဘာ ၆ ရက္ေန႔က ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္ တရား႐ုံးမွာ ၁၀ ႀကိမ္ေျမာက္ ႐ုံးထုတ္ခဲ့ၿပီး Wisdom Hill ေက်ာင္းရဲ႕ စီစီတီဗြီ မွတ္တမ္းကိုင္သူ တဦးနဲ႔ ဆရာမတဦးကို စစ္ေဆးခဲ့ပါတယ္။ဒီလို စစ္ေဆး တာမွာ သက္ေသအျဖစ္ တင္သြင္းထားတဲ့ စီစီတီဗြီ မွတ္တမ္းသိမ္းဆည္းတဲ့ Hard Disk ထဲမွာ ဘာဗီဒီယို မွတ္တ မ္းမွ မရွိေတာ့ဘူးလို႔ ေရွ႕ေန ေတြက ေျပာပါတယ္။

စစ္ေဆးခ်က္ေတြအေပၚကို ေရွ႕ေန ေဒါစုဒါလီေအာင္က “အိုင္တီသမား စစစ္တာကေတာ့ သူက Hard Disk ထည့္
ထားတဲ့ DVR စက္ထဲမွာရွိတဲ့ မွတ္တမ္းနဲ႔ သူ႔ရဲ႕ stick ထဲမွာ ရွိတဲ့ မွတ္တမ္းကို တိုက္ဆိုင္စစ္ေဆးဖို႔ဆိုၿပီးေတာ့ ဥပေဒအ
ရာရွိက ေလွ်ာက္တဲ့အခါမွာ က်မတို႔က DVR စက္ကို ႐ုံးေရွ႕မွာပဲ ၾကည့္ရႈ႕စစ္ေဆးတဲ့အခါမွာ DVR နဲ႔Hard Disk က
တြဲလ်က္ကို အဲဒီထဲက ဗီဒီယိုဖိုင္ေတြ မွတ္တမ္းေတြအားလုံးက ဘာတခုမွမရွိေတာ့တာကို ေတြ႕ရတယ္။ အဲဒီအတိုင္းပဲ ေပါ့ေနာ္
မရွိေတာ့တဲ့အေၾကာင္းကို အိုင္တီသမားကိုေခၚၿပီးေတာ့ မွတ္တမ္းတင္ထားတာေပါ့။”

အိုတီပညာရွင္ေတြကေတာ့ ဒီ Hard Diskကို အခုေခတ္နည္းပညာေတြအသုံးျပဳၿပီး ျပန္လည္ေဖာ္ထုတ္ရရွိႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

“အိုင္တီပညာရွင္ေတြက Hard Diskက အဲဒီတုန္းက အမွန္ဆိုလို႔ရွိရင္ ဒီHard Disk က သုံးလေလာက္ကတည္
းကဟာကို ျပန္ၿပီးေတာ့ ၾကည့္လို႔လည္းရမယ္။ ဒီ Hard Disk အမွန္မဆိုရင္ အခုေပၚေပါက္ေနတဲ့ အဆင့္ျမင့္နည္းပ
ညာေတြ ေဆာ့ဝဲေတြအသုံးျပဳၿပီး Hard Diskက ပ်က္သြားတာလား သို႔မဟုတ္ ဖ်က္ပစ္တာလား အတိအက်ေတာ့
မသိဘူး။ အဲဒီမပါေတာ့တဲ့ဟာကို ျပန္ၿပီးေတာ့ ေဖာ္မယ္ဆိုရင္ ရႏိုင္တယ္တဲ့။”

Hard Disk ထဲက ဖိုင္ေတြကို ျပန္ဆည္လို႔ ရႏိုင္တယ္ဆိုတာေၾကာင့္ လုံးလုံးမရွိ‌ေတာ့ ဖိုင္ကို ျပန္ဆည္ဖို႔ အိုင္တီပညာရွင္ကို
႐ုံးေခၚသက္ေသအေနနဲ႔ ေခၚေပးဖို႔ ေလွ်ာက္ရာမွာ ဥပေဒ ပညာရွင္က အိုင္တီပညာရွင္အျပင္ ရဲအရာရွိတဦးနဲ႔
ဒီHard Disk ဆင္ခဲ့တဲ့ ကုမၸဏီကို ေခၚယူသင့္ေၾကာင္း တင္ျပတဲ့အတြက္ ႐ုံးေတာ္က သင့္ေတာ္တဲ့အခ်ိန္မွာ အမိန႔္ခ်မယ္ဆိုၿပီးေတာ့
ဆုံးျဖတ္ခဲ့ပါတယ္။သင့္ေတာ္တဲ့အခ်ိန္က ဘယ္အခ်ိန္လဲဆိုတာ မသိရေၾကာင္းနဲ႔ ဒီဖိုင္ေတြ ျပန္ေတြ႕ခဲ့မယ္ဆိုရင္ အမႈအ
တြက္ အေထာက္အကူျဖစ္လာမယ္လို႔လည္း ေဒၚစုဒါလီေအာင္က ေျပာပါတယ္။

ဒါ့အျပင္ Wisdom Hill ေက်ာင္းက စီစီတီဗြီမွတ္တမ္းထိန္းသိမ္း ကိုရန္ေနာင္ေဌးကို စစ္ေဆးရာမွာလည္း “စီစီတီဗြီ
မွတ္တမ္းနဲ႔ပတ္သက္လို႔ ဒီဟာကို သူတို႔အေဆာင္မွာ ၈ ေပေလာက္ေလးနဲ႔ နံရံမွာ သူက ကပ္ထားတယ္။ ဒါနဲ႔ပတ္သ
က္လို႔ ဒီဟာကို စီအိုင္ဒီက ျဖဳတ္ခိုင္းလို႔ သူအပ္ေပးခဲ့တယ္ ေပါ့ေနာ္။ အပ္ေပးခဲ့တဲ့ စီအိုင္ဒီက ျပန္ေပးတဲ့အခါမွာ… ေ
ပါ့ေနာ္။ အဲဒီ ျပႆနာတက္ၿပီးေတာ့ မၾကာဘူး။ Hard Disk ထဲက ဗြီဒီယိုဖိုင္ ၁၁ ဖိုင္ကိုေတာ့ ကူးယူလို႔ရခဲ့တယ္။ ဗြီဒီ
ယို ၁၁ ဖိုင္ကလည္း က်မတို႔ေမးတာက ဒီဟာက ဖိုင္မွာက နည္းပညာသမားေတြရဲ႕ စစ္ေဆးေပၚေပါက္ခ်က္အရက ဒီ
၂၄ နာရီကို Hard Diskက တဖိုင္သိမ္းတယ္ေပါ့ေနာ္။ သို႔မဟုတ္ မနက္ ၈ နာရီကေန ညေန ၅ နာရီစာ အထိကို ေဒါင္းလုပ္
စြဲလိုက္တယ္ဆိုရင္ ဒီမွတ္တမ္းႀကီးက တဆက္တစပ္ထဲေပါ့ေနာ္။ အိုင္တီသမား ေျပာတာက တဆက္တစပ္ထဲပဲထြ
က္မယ္။ အပိုင္းပိုင္း ေတာ့ မထြက္ႏိုင္ဘူးေပါ့ေနာ္။ အဲလိုသူက ေျပာတယ္။ ဒီ ၁၁ ဖိုင္ခြဲရတာက ဒါက ျဖတ္ၿပီးေတာ့ ယူတာလည္း ျဖစ္ႏိုင္တယ္ေ
ပါ့။”

ဒီလိုဖိုင္ ပိုင္းပိုင္းျပတ္ေနတဲ့ ကိစၥမွာ သူစတင္ကူးယူကတည္းက ဒီအတိုင္းသာ ထြက္လာ ခဲ့တာလို႔လည္း ေျပာဆိုခဲ့ေၾ
ကာင္း ေျပာပါတယ္။ဒါေပမယ့္ ႐ုံးေတာ္တင္လာတဲ့ Hard Diskမွာ ဘာဗီဒီဖိုင္မွတ္တမ္းမွမရွိဘဲ stick ထဲမွာ သာ
အပိုင္းပိုင္း ျဖတ္ထားတဲ့ ဖိုင္ ၁၁ ဖိုင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး အဲဖိုင္ ၁၁ ဖိုင္ကို သက္ေသခံ မသြင္းထားေသးဘူးလို႔လည္း ေျပာပါတ
ယ္။ဒါ့အၾကာင့္ ဒီ Hard Diskထဲက ဗြီဒီယိုဖိုင္ေတြက ဘယ္လိုေပ်ာက္သြားလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ ေ
ျပာပါတယ္။ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္လို႔ လာမယ့္ႏိုဝင္ဘာ ၂၀ ရက္ေန႔မွာ ႐ုံးခ်ိန္း ျပန္ခ်ိန္းဆိုထားၿပီး အဲဒီေန႔မွာ ဆ
ရာဝန္နဲ႔ ေဒၚဥမၼာလႈိင္ကို စစ္ေဆးမွာျဖစ္ပါတယ္။

Credit : DVB

Unicode ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားအမှု စီစီတီဗွီမှတ်တမ်းများ ပျောက်ဆုံးနေ

မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှုအတွက် နိုဝင်ဘာ ၆ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ
၁၀ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး Wisdom Hill ကျောင်းရဲ့ စီစီတီဗွီ မှတ်တမ်းကိုင်သူ တဦးနဲ့ ဆရာမတဦးကို စစ်
ဆေးခဲ့ပါတယ်။ဒီလို စစ်ဆေးတာမှာ သက်သေအဖြစ် တင်သွင်းထားတဲ့ စီစီတီဗွီ မှတ်တမ်းသိမ်းဆည်းတဲ့ Hard
Disk ထဲမှာ ဘာဗီဒီယို မှတ်တမ်းမှ မရှိတော့ဘူးလို့ ရှေ့နေ တွေက ပြောပါတယ်။

စစ်ဆေးချက်တွေအပေါ်ကို ရှေ့နေ ဒေါစုဒါလီအောင်က “အိုင်တီသမား စစစ်တာကတော့ သူက Hard Disk ထ
ည့်ထားတဲ့ DVR စက်ထဲမှာရှိတဲ့ မှတ်တမ်းနဲ့ သူ့ရဲ့ stick ထဲမှာ ရှိတဲ့ မှတ်တမ်းကို တိုက်ဆိုင်စစ်ဆေးဖို့ဆိုပြီးတော့
ဥပဒေအရာရှိက လျှောက်တဲ့အခါမှာ ကျမတို့က DVR စက်ကို ရုံးရှေ့မှာပဲ ကြည့်ရှု့စစ်ဆေးတဲ့အခါမှာ DVR နဲ့Hard Disk
က တွဲလျက်ကို အဲဒီထဲက ဗီဒီယိုဖိုင်တွေ မှတ်တမ်းတွေအားလုံးက ဘာတခုမှမရှိတော့တာကို တွေ့ရတယ်။ အဲဒီ
အတိုင်းပဲ ပေါ့နော် မရှိတော့တဲ့အကြောင်းကို အိုင်တီသမားကိုခေါ်ပြီးတော့ မှတ်တမ်းတင်ထားတာပေါ့။”

အိုတီပညာရှင်တွေကတော့ ဒီ Hard Diskကို အခုခေတ်နည်းပညာတွေအသုံးပြုပြီး ပြန်လည်ဖော်ထုတ်ရရှိနိုင်
ကြောင်းလည်း ပြောပါတယ်။

“အိုင်တီပညာရှင်တွေက Hard Diskက အဲဒီတုန်းက အမှန်ဆိုလို့ရှိရင် ဒီHard Disk က သုံးလလောက်ကတ
ည်းကဟာကို ပြန်ပြီးတော့ ကြည့်လို့လည်းရမယ်။ ဒီ Hard Disk အမှန်မဆိုရင် အခုပေါ်ပေါက်နေတဲ့ အဆင့်မြင့်
နည်းပညာတွေ ဆော့ဝဲတွေအသုံးပြုပြီး Hard Diskက ပျက်သွားတာလား သို့မဟုတ် ဖျက်ပစ်တာလား အတိအ
ကျတော့မသိဘူး။ အဲဒီမပါတော့တဲ့ဟာကို ပြန်ပြီးတော့ ဖော်မယ်ဆိုရင် ရနိုင်တယ်တဲ့။”

Hard Disk ထဲက ဖိုင်တွေကို ပြန်ဆည်လို့ ရနိုင်တယ်ဆိုတာကြောင့် လုံးလုံးမရှိ‌တော့ ဖိုင်ကို ပြန်ဆည်ဖို့ အိုင်တီ
ပညာရှင်ကို ရုံးခေါ်သက်သေအနေနဲ့ ခေါ်ပေးဖို့ လျှောက်ရာမှာ ဥပဒေ ပညာရှင်က အိုင်တီပညာရှင်အပြင် ရဲအရာရှိ
တဦးနဲ့ ဒီHard Disk ဆင်ခဲ့တဲ့ ကုမ္ပဏီကို ခေါ်ယူသင့်ကြောင်း တင်ပြတဲ့အတွက် ရုံးတော်က သင့်တော်တဲ့အ
ချိန်မှာ အမိန့်ချမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။သင့်တော်တဲ့အချိန်က ဘယ်အချိန်လဲဆိုတာ မသိရကြောင်းနဲ့
ဒီဖိုင်တွေ ပြန်တွေ့ခဲ့မယ်ဆိုရင် အမှုအတွက် အထောက်အကူဖြစ်လာမယ်လို့လည်း ဒေါ်စုဒါလီအောင်က ပြောပါ
တယ်။

ဒါ့အပြင် Wisdom Hill ကျောင်းက စီစီတီဗွီမှတ်တမ်းထိန်းသိမ်း ကိုရန်နောင်ဌေးကို စစ်ဆေးရာမှာလည်း “စီစီတီ
ဗွီမှတ်တမ်းနဲ့ပတ်သက်လို့ ဒီဟာကို သူတို့အဆောင်မှာ ၈ ပေလောက်လေးနဲ့ နံရံမှာ သူက ကပ်ထားတယ်။ ဒါနဲ့
ပတ်သက်လို့ ဒီဟာကို စီအိုင်ဒီက ဖြုတ်ခိုင်းလို့ သူအပ်ပေးခဲ့တယ် ပေါ့နော်။ အပ်ပေးခဲ့တဲ့ စီအိုင်ဒီက ပြန်ပေးတဲ့
အခါမှာ… ပေါ့နော်။ အဲဒီ ပြဿနာတက်ပြီးတော့ မကြာဘူး။ Hard Disk ထဲက ဗွီဒီယိုဖိုင် ၁၁ ဖိုင်ကိုတော့ ကူးယူလို့
ရခဲ့တယ်။ ဗွီဒီယို ၁၁ ဖိုင်ကလည်း ကျမတို့မေးတာက ဒီဟာက ဖိုင်မှာက နည်းပညာသမားတွေရဲ့ စစ်ဆေးပေါ်
ပေါက်ချက်အရက ဒီ ၂၄ နာရီကို Hard Diskက တဖိုင်သိမ်းတယ်ပေါ့နော်။ သို့မဟုတ် မနက် ၈ နာရီကနေ ညနေ
၅ နာရီစာ အထိကို ဒေါင်းလုပ် စွဲလိုက်တယ်ဆိုရင် ဒီမှတ်တမ်းကြီးက တဆက်တစပ်ထဲပေါ့နော်။ အိုင်တီသမား
ပြောတာက တဆက်တစပ်ထဲပဲထွက်မယ်။ အပိုင်းပိုင်း တော့ မထွက်နိုင်ဘူးပေါ့နော်။ အဲလိုသူက ပြောတယ်။ ဒီ
၁၁ ဖိုင်ခွဲရတာက ဒါက ဖြတ်ပြီးတော့ ယူတာလည်း ဖြစ်နိုင်တယ်ပေါ့။”

ဒီလိုဖိုင် ပိုင်းပိုင်းပြတ်နေတဲ့ ကိစ္စမှာ သူစတင်ကူးယူကတည်းက ဒီအတိုင်းသာ ထွက်လာ ခဲ့တာလို့လည်း
ပြောဆိုခဲ့ကြောင်း ပြောပါတယ်။ဒါပေမယ့် ရုံးတော်တင်လာတဲ့ Hard Diskမှာ ဘာဗီဒီဖိုင်မှတ်တမ်းမှမရှိဘဲ stick
ထဲမှာ သာ အပိုင်းပိုင်း ဖြတ်ထားတဲ့ ဖိုင် ၁၁ ဖိုင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဖိုင် ၁၁ ဖိုင်ကို သက်သေခံ မသွင်းထား
သေးဘူးလို့လည်း ပြောပါတယ်။ဒါ့အကြာင့် ဒီ Hard Diskထဲက ဗွီဒီယိုဖိုင်တွေက ဘယ်လိုပျောက်သွားလဲဆိုတာ
မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာ ၂၀ ရက်နေ့မှာ
ရုံးချိန်း ပြန်ချိန်းဆိုထားပြီး အဲဒီနေ့မှာ ဆရာဝန်နဲ့ ဒေါ်ဥမ္မာလှိုင်ကို စစ်ဆေးမှာဖြစ်ပါတယ်။

Credit : DVB

LEAVE A REPLY