Zawgyi ဖြင့်ဖတ်ရန်

 



 




Unicode ဖြင့်ဖတ်ရန်

တစ်ပတ်တည်းနဲ့ တပ်ဆင်ပြီး အိမ်ခြေ ၆၀ ကို ၂၄ နာရီ မီးပေးနိုင်တဲ့ ဝဲကတော့တာဘိုင် နည်းပညာ

ဒီ တာဘိုင်တစ်ခုဟာ အိမ်ခြေပေါင်း ဒါဇင်များစွာကို ၂၄ နာရီ မီးပေးနိုင်ပါတယ်။မြစ်ချောင်းတွေနဲ့ တူးမြောင်းတွေမှာ တည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။

ဒီနည်းပညာနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ဟာ ကမ္ဘာအနှံ့က ကျေးလက်ဒေသတွေကို အဖိုးနှုန်း ချိုသာတဲ့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဝဲကတော့ တာဘိုင်ဟာ အိမ်ခြေထောင်ပေါင်းများစွာအျွှက် တစ်ရက်ကို ၂၄ နာရီ မပြတ် မီးပေးနိုင်တာပါ။

Belgian ကုမ္ပဏီက တီထွင်တဲ့ Turbulent တာဘိုင်တွေဟာ ကျေးလက်ဒေသတွေအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဖြေရှင်းချက် ဖြစ်ပေမယ့် မြစ်နားချောင်းနားက အိမ်ခြေတွေအတွက်ပဲ ပေးနိုင်မှာတော့ ဖြစ်ပါတယ်။

မြစ်ချောင်းနဲ့ တူးမြောင်းတွေမှာ တာဘိုင်တွေကို တပ်ဆင်ပြီး ရေကို စီးဆင်းစေလို့ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ အိမ်ခြေ ၆၀ လောက်ကို လုံလုံလောက်လောက် လျှပ်စစ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

Writer_ မောင်သံဆင့်(XYZ News)

LEAVE A REPLY