Zawgyi ဖြင့်ဖတ်ရန်

 




 

 







Unicode ဖြင့်ဖတ်ရန်

မောင်လေးဆေးစရိတ်အတွက် ငွေချွေတာလွန်းလို့ မိမိပါ အဟာရချို့တဲ့ သေလုနီးပါးဖြစ်တဲ့ အမ

တရုတ်နိုင်ငံက အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မောင်လေးဆေးဖိုးအတွက် ချွေတာငွေစုရင်း အာဟာရချို့တဲ့ကာ ဆေးရုံတတ်ခဲ့ရပါတယ်။သူတို့မောင်နှမဟာ ငယ်စဉ်အရွယ်မှာ မိဘတွေဆုံးပါးသွားတဲ့အတွက် အိမ်ထောင်ဦးစီးတာဝန်ကို Wu Huayuanဆိုတဲ့ ထိုမိန်းကလေးက ထမ်းခဲ့ရပါတယ်။

သူ့ရဲ့တစ်လဝင်ငွေဟာ သူတို့မောင်နှမအတွက်လောက်ငှခြင်းမရှိပါဘူး။ ဒါ့ကြောင့် Wu ဟာ မနက်စာအငတ်ခံပြီး နေ့လည်စာနဲ့ညနေစာကို ပေါင်မုန့် သို့မဟုတ် ထမင်းနဲ့ငရုတ်ဆီကိုသာစားကာ ငွေစုခဲ့ရပါတယ်။

ဒီလိုနေ့စဉ်စားသောက်ခြင်းကြောင့် အာဟာရချို့တဲ့လာတဲ့ Wu ဟာ အသက်၂၄နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အရပ် 135 cm နဲ့ အလေးချိန် 21 kg သာရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ငွေစုကာ ကုသပေးမှုကြောင့် မောင်ဖြစ်သူရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

Wu ဟာ ချို့တဲ့ပေမယ့် သူ့ရည်မှန်းချက်ကိုလက်လွှတ်ခံသူမဟုတ်ပါဘူး။သူဟာ Guizhouတက္ကသိုလ်ကို ကျောင်းသားချေးငွေနဲ့ တတ်ဖို့ကြိုးစားခဲ့ပြီး အခုဆို တတိယနှစ်ကျောင်းသူဖြစ်နေပါပြီ။

ကျောင်းစရိတ်အတွက် သူမဟာ သန့်ရှင်းရေးနဲ့ ကျူရှင်ဂိုဒ်အလုပ်၂ခုကိုလုပ်ကိုင်ရပြီး သူမရဲ့ကျန်းမာရေးအတွက် ဈေးပေါတဲ့ဆေးတွေကိုသာ သောက်သုံးခဲ့ပါတယ်။

ဆရာဝန်ကတော့ သူမဟာ အာဟာရချို့တဲ့ခြင်းကြောင့် နှလုံးကိုထိခိုက်နေတာကြောင့် ကုသဖို့လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် သူမသူငယ်ချင်းတွေက ဆေးကုသဖို့တိုက်တွန်းကာ ဝိုင်းဝန်းထောက်ပံ့ပေးကြပါတယ်။

သူမဆေးကုသပေးခဲ့တဲ့အတွက် စိတ်ရောဂါအခြေအနေ ကောင်းမွန်လာတဲ့ မောင်လေးကလည်း သူအလုပ်လုပ်ပြီး အမဆေးဖိုးရှာနိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

Writer -LLA ( Shwe Yaung Lan )

LEAVE A REPLY