Zawgyi ျဖင့္ဖတ္ရန္

 

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ေတာင္းဆိုခ်က္အရ ျပင္သစ္ဂႏၶဝင္ေဘာလုံးသမား Youri Djorkaeff သည္ မၾကာမီကာလအတြင္း ျမန္မာႏိုင္ငံသို႔လာေရာက္ကာ ျမန္မာေဘာလုံးအသင္း အာရွတြင္ျပန္ လည္ ဦးေမာ့လာေစေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးမည္ဟု သိရသည္။ ယူရီေဂ်ာ္ကာအက္ဖ္ Youri Djorkaeff သည္ ၎၏ Twitter အေကာင့္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ေတြ႕ဆုံႏႈတ္ဆက္စကားေျပာေနေသာပုံကိုတင္ထားၿပီး New Project Coming Soon… ဟုလည္း ေရးသားထားသည္ကို ေတြ႕ရသည္။

 

ယူရီေဂ်ာ္ကာအက္ဖ္ Youri Djorkaeff သည္ ျပင္သစ္လက္ ေ႐ြးစင္အသင္းအတြက္ ၈၂ ပြဲကစား ၂၈ ဂိုးသြင္းယူေပး
ခဲ့သူျဖစ္ၿပီး မိုနာကို၊ ပီအက္စ္ဂ်ီ၊ အင္တာမီလန္၊ ကိုင္ဇာစေလာ့တန္၊ ေဘာလ္တန္၊ ဘလက္ဘန္းတို႔ကဲ့သို႔ကလပ္ မ်ားတြင္သာမက ေမဂ်ာလိဂ္ကလပ္ နယူးေယာ့ခ္ရက္ဒ္ဘူူူးလ္တြင္ပါကစားခဲ့ဖူးသူ ျဖစ္သည္။

ယူရီေဂ်ာ္ကာအက္ဖ္ Youri Djorkaeff မွာ လက္ရွိရီးရဲလ္နည္းျပ ဇီဒန္းႏွင့္ေခတ္ၿပိဳင္ကစားသမားျဖစ္ၿပီး အဂၤလန္တြင္
က်င္းပခဲ့သည့္ ယူ႐ို ၉၆ မွစတင္နာမည္ေက်ာ္ခဲ့ကာ ျပင္သစ္အသင္းႏွင့္အတူ ၁၉၉၈ ကမာၻ႔ဖလား၊ ယူ႐ို ၂၀၀၀၊ ၂၀၀၁ ဖီဖာကြန္ဖက္ဒေရးရွင္းခ်န္ပီယံဖလားမ်ားရယူခဲ့ဖူူးသလို ကစားခဲ့သည့္ ကလပ္မ်ားႏွင့္လည္း ေအာင္ျမင္မႈ႕ရခဲ့သူျဖစ္သည္။

 

“ဆိုဖီ” အမည္ရဇနီးသည္ႏွင့္ သားသမီး ၃ ဦး၏ ဖခင္ျဖစ္သည့္ ယူရီေဂ်ာ္ကာအက္ဖ္ Youri Djorkaeff မွာ အဂၤလန္ တြင္ကစားခဲ့စဥ္က အာေမးနီယားတြင္ ေဘာလုံးေက်ာင္းတစ္ခုဖြင့္ေပးခဲ့ဖူူးသည္။ လက္ရွိအခ်ိန္တြင္လည္း Youri Djorkaeff Foundation ကိုတည္ေထာင္ထားကာ ေဘာလုံးဖြံ႕ၿဖိဳးမႈ႕လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသူျဖစ္သည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ပြင်သစ်ဂန္ဓဝင်ဘောလုံးသမား Youri Djorkaeff မြန်မာနိုင်ငံသို့ လာရောက်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏တောင်းဆိုချက်အရ ပြင်သစ်ဂန္ဓဝင်ဘောလုံးသမား Youri Djorkaeff သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာဘောလုံးအသင်း အာရှတွင်ပြန် လည် ဦးမော့လာစေရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဟု သိရသည်။ ယူရီဂျော်ကာအက်ဖ် Youri Djorkaeff သည် ၎င်း၏ Twitter အကောင့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံနှုတ်ဆက်စကားပြောနေသောပုံကိုတင်ထားပြီး New Project Coming Soon… ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

ယူရီဂျော်ကာအက်ဖ် Youri Djorkaeff သည် ပြင်သစ်လက် ရွေးစင်အသင်းအတွက် ၈၂ ပွဲကစား ၂၈ ဂိုးသွင်းယူပေး
ခဲ့သူဖြစ်ပြီး မိုနာကို၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ကိုင်ဇာစလော့တန်၊ ဘောလ်တန်၊ ဘလက်ဘန်းတို့ကဲ့သို့ကလပ် များတွင်သာမက မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဒ်ဘူူူးလ်တွင်ပါကစားခဲ့ဖူးသူ ဖြစ်သည်။

ယူရီဂျော်ကာအက်ဖ် Youri Djorkaeff မှာ လက်ရှိရီးရဲလ်နည်းပြ ဇီဒန်းနှင့်ခေတ်ပြိုင်ကစားသမားဖြစ်ပြီး အင်္ဂလန်တွင်
ကျင်းပခဲ့သည့် ယူရို ၉၆ မှစတင်နာမည်ကျော်ခဲ့ကာ ပြင်သစ်အသင်းနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀၊ ၂၀၀၁ ဖီဖာကွန်ဖက်ဒရေးရှင်းချန်ပီယံဖလားများရယူခဲ့ဖူူးသလို ကစားခဲ့သည့် ကလပ်များနှင့်လည်း အောင်မြင်မှု့ရခဲ့သူဖြစ်သည်။

“ဆိုဖီ” အမည်ရဇနီးသည်နှင့် သားသမီး ၃ ဦး၏ ဖခင်ဖြစ်သည့် ယူရီဂျော်ကာအက်ဖ် Youri Djorkaeff မှာ အင်္ဂလန် တွင်ကစားခဲ့စဉ်က အာမေးနီယားတွင် ဘောလုံးကျောင်းတစ်ခုဖွင့်ပေးခဲ့ဖူူးသည်။ လက်ရှိအချိန်တွင်လည်း Youri Djorkaeff Foundation ကိုတည်ထောင်ထားကာ ဘောလုံးဖွံ့ဖြိုးမှု့လုပ်ငန်းများကို ဆောင်ရွက်နေသူဖြစ်သည်။

share from : burmese.asia

LEAVE A REPLY