Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

မင်းသား ဇဏ်ခီ ကိုယ်တိုင်ရေးပေးတဲ့ သီချင်းကို သီဆိုခဲ့တဲ့ မြန်မာ အိုင်ဒေါက ခြူးစစ်ဟန်

ယခုတပတ်မြန်မာအိုင်ဒေါမှာ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ခြူးစစ်ဟန်ကို ပရိသတ်ကြီးမှတ်မိကြမယ်ထင်ပါတယ်နော်

ပြိုင်ပွဲကထွက်ခွာခဲ့ရတဲ့ ခြူးစစ်ဟန်အတွက် ဝမ်းနည်းနေတဲ့ သူမ ပရိသတ်တွေကို ကျေနပ်စေမယ့် သတင်းကောင်းတစ်ခုထွက်ပေါ်လို့လာပါတယ် ဒါကတော့ အခုတလော အရမ်းနာမည်ကြီးနေတဲ့ ထာဝရနှောင်ကြိုးဇာတ်ကားရဲ့ ဇာတ်ဝင်တေးအခွေ ထွက်ရှိရမှာ သူမသီဆိုထားတဲ့သီချင်းလေး ပါဝင်လာခဲ့တာပါ ဒီသီချင်းကို ဇာဏ်ခီကိုယ်တိုင်ရေးဖွဲ့ပေးထားတာဖြစ်ပြီး Blues အမျိုးအစားသီချင်းတပုဒ်လည်းဖြစ်ပါတယ်

ဖြတ်လိုက်တော့လို့အမည်ရတဲ့ သီချင်းလေးပါဝင်တဲ့ Now & Ever OST သီချင်းခွေထွက်ရှိတဲ့အကြောင်း ခြူးစစ်ဟန်က သူမရဲ့ Facebook ကနေတဆင့်

“အရာအားလုံးက ကောင်းဖို့အတွက်ဖြစ်လာခဲ့တာပါ 😇😇
ဒီနေ့ ခြူး Now & Ever ထာဝရ နှောင်ကြိုး ရုပ်ရှင် ကားကြီးထဲမှာ ဇာတ်ဝင်တေး ဆိုပေးထား တဲ့ ခြူး သီချင်း ခွေလေးထွက်ပါပြီ 🙏🙏
နားဆင်ခံစားအားပေးကြပါအုံး ချစ်ဆုံးတို့ရေ 😘😘..” ဆိုပြီး တင်ထားပါတယ်” လို့မျှဝေလာခဲ့တာပါသူမဟာ ၂ ရက်တည်းနဲ့ သေချာနားထောင်ပြီး ကြိုးစားခဲ့ရတဲ့ သီချင်းဖြစ်ကြောင်းနဲ့ ခီမောင်နှံကိုကျေးဇူးတင်ကြောင်းလည်း ပြောထားပါသေးတယ်

ပရိသတ်ကြီးရော ခြူးစစ်ဟန်သီဆိုထားတဲ့ ဖြတ်လိုက်တော့ သီချင်းလေးပါဝင်တဲ့ Now & Ever OST Album လေးကို နားထောင်ချင်နေကြပြီလား နားထောင်ချင်နေပြီဆိုရင်တော့ City Mart တွေမှာဝယ်ယူရရှိနိုင်ပါပြီတဲ့နော်

Writer – Magic(Shwe Yaung Lan)

 

LEAVE A REPLY