28 C
Yangon
Sunday, August 9, 2020
Tags ကလေး

Tag: ကလေး

“၃ရက်သားကလေးကို စွန့်ပစ်သည့် မိခင် အဖမ်းခံရ “

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘောဂ၀တီရပ်ကွက်၊ ဇော်ဂျီဆည်ဘောင်အနီးရှိ အမှိုက်ပုံ တွင် ၃ရက်သားအရွယ် ကလေးငယ်ကို လာရောက်စွန့်ပစ်ခဲ့သည့် မိခင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ စွန့်ပစ်ခံရသည့်ကလေးငယ်မှာ ၃ ရက်သားအရွယ်အမျိုးသမီးကလေးငယ်ဖြစ်ပြီး မိခင်ဖြစ်သူက အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီခန့်တွင် အမှိုက်ပုံအနီး လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ရဲစခန်းမှ ဒုရဲအုပ် ကောင်းမြတ်သူကပြောသည်။ "မိခင်အရင်းဖြစ်တဲ့သူက အမှိုက်ပုံမှာ လာပစ်သွားတာပါ။ ဇော်ဂျီရပ်ကွက်ကလူကြီးတွေ ကိုယ်တိုင် ကလေးကိုတွေ့တယ်။ ရပ်ကွက်ထဲမှာ ကလေးမွေးတဲ့အမျိုးသမီးကို လိုက်စုံစမ်းတော့...

ဖုန်းမြည်သံကြောင့် ကားမောင်းသူ ကလေး ၃ ဦးကိုတိုက်မိသည့် ထိတ်လန့်ဖွယ်ဗီဒီယို

တယ်လီဖုန်းမြည်သံကြောင့် ကားမောင်းတဲ့သူက ကလေးငယ်သုံးယောက်ကို တိုက်မိသွားတဲ့ ထိတ်လန့်ဖွယ် ဗီဒီယိုတခု ပေါ်ထွက်နေပါတယ်။ ကားအဖြူတစီးမောင်းလာတဲ့အချိန် ကားပါကင်ထဲကကြမ်းပြင်မှာ ကလေးတွေ ကစားနေတာကို စီစီတီဗွီကင်မရာထဲမှာ တွေ့ရပြီး ကားသမားဟာမရပ်ဘဲနဲ့ ကလေးတွေကို တိုက်မိသွားတဲ့ စီစီတီဗွီမြင်ကွင်းဟာ တရုတ်နိုင်ငံရဲ့ ရှန်ဇန်မြို့ထဲမှာ ထိတ်လန့် စိတ်ပျက်စရာ တခုအဖြစ် ပျံ့နှံ့နေတာပါ။ ကလေး ၃ ယောက်လုံးက ကားအောက်ထဲကိုရောက်သွားပြီး နောက်တော့ ကလေးတွေကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကားမောင်းတဲ့သူကိုတော့ ဖမ်းဆီးလိုက်ပါတယ်။ စနေနေ့က မျက်မြင်သက်သေတွေပြောတာကတော့ ကားမောင်းတဲ့အမျိုးသမီးဟာ ကလေးတွေကို တိုက်မိချိန်မှာ...

တီဗွီကြည့်တဲ့ကလေးတွေက စာဖတ်တဲ့ ကလေးတွေနဲ့ယှဉ်ရင် တီထွင်နိုင်စွမ်းလျော့ကျနိုင်

တီဗွီကြည့်တဲ့ကလေးတွေဟာ စာအုပ်ဖတ်တဲ့ကလေးတွေနဲ့ယှဉ်ရင် တီထွင်နိုင်စွမ်း နည်းပါးလာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ ၁၅ မိနစ်နဲ့ ၁၅ မိနစ်အထက် တီဗွီကြည့်တဲ့ကလေးတွေဟာ စာအုပ်ဖတ်တဲ့ကလေးတွေ၊ jigsaw ဆော့တဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ရင် တီထွင်နိုင်တဲ့စိတ်ကူးတွေ နည်းပါးနိုင်ခြေရှိတာ ဖြစ်ပါတယ်။ သုတေသနကို ဗြိတိန်မှ Staffordshire တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး တီဗွီကြည့်ပြီးတဲ့အခါမှာ ကလေးတွေဟာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆမျိုး ရုတ်တရက် ပျောက်သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလိုပျောက်ဆုံးမှုဟာ ခဏပဲဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ...

အသက်မပြည့်ကလေးကို အိမ်ဖော်ပေးသူ၊ ယူသူ အကုသိုလ်လူသားများ

မိဘကျေးဇူးဆိုတာ အင်မတန်ကြီးမားတယ်လို့ ဆိုပေမယ့် ငရဲအိုး ဂျိုးကပ်မယ့် မိဘမျိုးတွေလည်း ရှိပါတယ်။ ယင်းကတော့ အသက်မပြည့် သေးတဲ့ နုနုနနယ် ကလေးကို မိမိ စားရဖို့ သောက်ရဖို့အတွက် မတော်မတရား ခိုင်းစေ အလုပ် လုပ်စေခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လို ဆင်းရဲတဲ့ တိုင်းပြည်မှာ အဖြစ်များပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် သားသမီးကို သူတပါးလက်ထဲ မဖြစ်မနေ ထိုးအပ်ရတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတာ ရှိပေမယ့် ကိုယ့်သားသမီး ဘယ်လို ဆက်ဆံခံနေရသလဲ၊...

ရန်ကုန်မှ အိမ်အကူ ကလေးနှစ်ဦး လပေါင်းများစွာ နှိပ်စက်ခံရ

ရန်ကုန် - အသက်မပြည့်သေးသော အိမ်အကူ မိန်းကလေးနှစ်ဦး ရန်ကုန်မြို့လယ်ရှိ နာမည်ကျော်အပ်ချုပ်ဆိုင်တစ်ခုတွင် ငါးနှစ်ကြာ မတရား ထိန်းသိမ်း ကျွန်ပြု နှိပ်စက်ခံရမှုအကြောင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လာပြီးနောက်ပိုင်းတွင် အလုပ်ရှင်တို့က ၎င်းကလေးငယ်များအား မိဘအုပ်ထိန်းသူများထံသို့ မကြာသေးမီက ပြန်လည်အပ်နှံလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှုးမြို့နယ်၊ ဘော်လုံးကွင်းကျေးရွာမှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့သည် ...

ကလေးမွေးတော့မှ ကိုယ်ဝန်ရှိနေမှန်း သိခဲ့တဲ့အမျိုးသမီး

အသက်(25)နှစ်အရွယ်ရှိ Rosie Yearling အမည်ရတဲ့ အမျိုးသမီးဟာ ၀မ်းဗိုက်အလွန်နာကျင်လို့ ဆေးရုံကို အရေးပေါ် ပြေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Rosie ဟာ ကလေးတစ်ယောက်မွေးဖွားခဲ့ပြီးပါတယ်။ ဒီမတိုင်ခင် ရက်ပိုင်းအလိုအထိ သူမဟာ ကိုယ့်ကိုကိုယ် ကိုယ်ဝန်ရှိတယ်လို့ ထင်မထားခဲ့ပါဘူး။ ကနဦး စစ်ဆေးခဲ့တဲ့ ဆရာဝန်တွေကလည်း သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ မထင်ခဲ့ပါဘူး။ ဖြစ်စဉ်မှာတော့ သူမဟာ အမျိုးသမီးတွေ သီးသန့်ဆုံတွေ့တဲ့ ပါတီပွဲကို သွားရောက်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကအထိ Rosie ဟာ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ...

အမေရိကန်တွင် ခွေးလေးတစ်ကောင်က ၈ လကလေးငယ်ကို အသက်အသေခံပြီး ကယ်ဆယ်ခဲ့

အမေရိကန်နိုင်ငံ၊ ဘာလ်တီမိုးမြို့တွင် ခွေးလေးတစ်ကောင်သည် အသက် ၈ လအရွယ် ကလေးငယ် တစ်ဦးကို မီးမလောင်စေရန် ကာကွယ်ရင်း အသက်ပေးသွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်စဉ်တွင် အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သူရဲကောင်းဆန်စွာ ပြုမူသွားသည့် မိသားစု အချစ်တော် ခွေးကလေးကြောင့် မိန်းကလေးငယ်မှာ အသက်ရှင်ခဲ့ကြောင်း သိရသည်။ ထိုနေ့က လေပြင်းမုန်တိုင်းများ တိုက်ခတ်သဖြင့် မီးပြတ်သွားသောကြောင့် ကလေးမလေး၏ မိခင်ဖြစ်သူ အီရီကာ ပိုရမ်စကီက ဖယောင်းတိုင် တစ်ချောင်းကို မီးထွန်းထားခဲ့သည်။...

ည ၈ နာရီမတိုင်ခင် အိပ်ရာဝင်တဲ့ကလေးတွေ အဝလွန်နိုင်ခြေနည်းပါး

အိုဟိုင်းယိုးတက္ကသိုလ်က သုတေသီတွေရဲ့ ၂၅ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနရလာဒ်အရ ည ၈ နာရီမတိုင်မီ အိပ်ရာဝင်တဲ့ ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်လာနိုင်ခြေ နည်းပါးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသုတေသနကို ၁၉၉၁ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး လေ့လာမှုမှာ ကလေး ၉၇၇ ဦး ပါဝင်ခဲ့ပါတယ်။ အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးတွေရဲ့ အိပ်ရာဝင်ချိန်ဟာ ည ၈ နာရီထက် စောပါက...

အလက်ပိုမြို့အပျက်အစီးကြားက ဖုံအလိမ်းလိမ်း သွေးသံရဲရဲ ကလေးကို ကယ်ထုတ်

ဦးခေါင်းကနေ ခြေဖျားအထိ ဖုံအလိမ်းလိမ်း ပေကျံနေပြီး မျက်နှာမှာ သွေးသံတရဲရဲ ထွက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးကို ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အပျက်အစီးတွေကြားကနေ ကယ်ထုတ်ခဲ့ပါတယ်။ အလက်ပိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနာတင်ယာဉ် နောက်ခန်းမှာ ထိုင်နေတဲ့ ကလေးပုံက ဆီးရီးယားစစ်ပွဲရဲ့ ဆိုးဝါးတဲ့အခြေအနေကို ထင်ဟပ်နေသလို လူအတော်များများကိုလည်း စိုးရိမ်ထိန်လန့်စေပါတယ်။ သြဂုတ် ၁၇ ရက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ ကလေး ၅ ဦးအနက် အသက် ၅...

ဖိလစ်ပိုင်သို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်ပေါ်တွင် အမျိုးသမီးတစ်ဦး လမစေ့မီ ကလေးမွေးဖွား

ယူအေအီးမှ ဖိလစ်ပိုင်သို့ ပျံသန်းနေသည့် လေကြောင်းခရီးစဉ်ပေါ်တွင် အမျိုးသမီးတစ်ဦးသည် လမစေ့မီ ကလေးမွေးဖွားခဲ့ရာ ထိုလေယာဉ်သည် အိန္ဒိယနိုင်ငံသို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ထိုအမျိုးသမီး၏ ကလေးမွေးဖွားမည့်ရက်သည် နှစ်လလိုသေးသော်လည်း Cebu Pacific Air လေကြောင်းလိုင်းဖြင့် သြဂုတ် ၁၅ ရက်က ဒူဘိုင်းမှ မနီလာသို့ သွားနေစဉ် လေယာဉ်ပေါ်၌ မီးဖွားခဲ့ခြင်းဖြစ်သည်။ ထိုမီးဖွားမှုကို လေယာဉ်ခရီးသည်များထဲတွင် ပါလာသော သူနာပြုနှစ်ဦးက ၀ိုင်းဝန်း ကူညီခဲ့ကြပြီး လေယာဉ်ခရီးသည် အခန်း၏ အရှေ့ပိုင်းတွင်...

မိုးလေ၀သအခြေနေ

Yangon
scattered clouds
28 ° C
28 °
28 °
94%
2.6kmh
40%
Mon
31 °
Tue
26 °
Wed
25 °
Thu
28 °
Fri
30 °

Most Popular