25 C
Yangon
Sunday, August 9, 2020
Tags လေဖြတ်

Tag: လေဖြတ်

လေဖြတ်ပြီး မလှုပ်နိုင်ပေမယ့် အကောင်းဆုံးပုံများကို ပန်းထိုးနိုင်တဲ့သူ

ဦးနှောက်နှင့်အာရုံကြောထိခိုက်မှုကြောင့် လေဖြတ်ပြီးခြေတွေလက်တွေကိုအသုံးပြုလို့မရတော့လျှင်လူတစ်ယောက်ကအိပ်ရာထဲလဲတော့တာပါပဲ။ဒါပေမယ့်အသက်(၂၃)နှစ် အရွယ်ရှိ တရုတ်နိုင်ငံ Hebei ဒေသမှ Ren Jiangmin ဆိုသူကတော့လေဖြတ်ပြီး ခြေလက်တွေလှုပ်ရှားမှုလုံးဝမလုပ်နိုင်တော့ပေမယ့်သူမကဘ၀ကိုအရှုံးမပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခြေလက်တွေမလှုပ်ရှားနိုင်ပေမယ့် သူမဟာ သူမစိတ်ဝင်စားတဲ့ ပန်းထိုးတဲ့ပညာကို ဘယ်လိုလုပ်နိုင်မလဲဆိုတာကို လေ့ကျင့်ခဲ့ပါတယ်။ ထိုပန်းထိုးတဲ့ ပညာကိုသူမဟာ ပါးစပ်ဖြင့်ထိုးနည်းကို သူမဘာသာ လေ့ကျင့်ခဲ့ပါတယ်။ အချိန်ယူပြီး မလျော့သောဇွဲဖြင့် လေ့ကျင့်ခဲ့တာကြောင့် သူမဟာ ယခုအချိန်မှာ ပါးစပ်ဖြင့်ပန်းထိုးခြင်းကို ကျွမ်းကျင်ပြီးအင်မတန်လက်ရာမြောက်လှပလွန်းတဲ့ပုံများကို ထိုးနိုင်နေပြီဖြစ်ပါတယ်။ သစ်ခွပန်းများ၊ တိရစ္ဆာန်လေးများ၊ ကာတွန်းများ၊ ရှူခင်းများ အစရှိတဲ့ပုံများကို လက်ရာမြောက်လွန်းစွာထိုးနိုင်တယ်လို့သိရပါတယ်ထိုပန်းထိုးများကိုအွန်လိုင်းဈေးကွက်မှာရောင်းချပြီးသူမဟာကွန်ပြူတာတစ်လုံးဝယ်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ Ref;cctv Thetmyatnoewei(Sandakoo)

မိုးလေ၀သအခြေနေ

Yangon
broken clouds
25 ° C
25 °
25 °
100%
1.5kmh
75%
Mon
31 °
Tue
26 °
Wed
25 °
Thu
29 °
Fri
30 °

Most Popular